အမျိုးသားတွေက အမျိုးသမီးတွေထက် ဘာလို့မြန်မြန်ပြေးနိုင်တာလဲဆိုရင်

yyl-035-7.jpg

အပြေးလေ့ကျင့်ခန်းကို အမျိုးသားကော၊ အမျိုးသမီးကောနှစ်မျိုးစလုံးလုပ်ကြတဲ့အားကစားနည်းပါပဲ။ ဒါပေမဲ့ ဘာလို့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးပြေးနိုင်တာပါလိမ့်လို့ စိတ်ထဲတွေးမိကြမှာပါ။ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့နေထိုင်စားသောက်မှုပုံစံက အတူတူဖြစ်နေရင်တောင် အရှိန်နှုန်းကွာခြားမှုကတော့ သိသာပါတယ်။ အဲဒီလိုဖြစ်ရတာက ဟော်မုန်းဓာတ်နဲ့ ခန္ဓာကိုယ်အရွယ်အစားကြောင့်ဖြစ်နိုင်ပါတယ်။

ဟော်မုန်း

ပြေးတာနဲ့ပတ်သက်ပြီး အမျိုးသားနဲ့ အမျိုးသမီးကြားက အသိသာဆုံးခြားနားချက်က ဟော်မုန်းကြောင့်ဖြစ်ပါတယ်။ ယောကျ်ားလေးနဲ့ မိန်းကလေးတွေက လူပျိုပေါက်မဖြစ်ခင်၊ အပျိုဖော်မဝင်ခင်ထိ သူတို့ရဲ့ခန္ဓာကိုယ်က တူညီလုနီးပါးပါပဲ။ သူတို့ လူပျိုပေါက်၊ ပျိုဖော်ဝင်တဲ့အချိန်မှာ တချို့အရာတွေက စတင်ပြောင်းလဲလာပါတယ်။ အမျိုးသားတွေမှာ testosterone လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေ တစ်ဟုန်ထိုးတိုးလာပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ တစ်ချို့အမျိုးသားတွေက အမျိုးသမီးတွေထက် testosterone ဟော်မုန်းဓာတ်က အကြိမ် (၂၀) အထက်ရှိပါတယ်။ ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်အသစ်တွေကြီးထွားဖို့အတွက် အရေးပါပြီး အရိုးနဲ့ကြွက်သားတွေသန်မာအောင် ကူညီပေးပါတယ်။ အမျိုးသမီးတွေက testosterone ဟော်မုန်းကို နည်းနည်းပဲထုတ်နိုင်တဲ့အတွက် ယောကျာ်းလေးတွေနဲ့ယှဉ်ရင် ကြွက်သားထုထည်နည်းပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ခန္ဓာကိုယ်အဆီပိုများတဲ့အတွက် အီစရိုဂျင် (estrogen) လို့ ခေါ်တဲ့ဟော်မုန်းဓာတ်ပိုများပါတယ်။ အဲဒါကြောင့်ပဲ အမျိုးသမီးတွေရဲ့အရှိန်နှုန်းက လျော့ကျသွားတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အရွယ်အစား

ပြေးတဲ့အခါ အရှိန်နှုန်းရဖို့အတွက် ခန္ဓာကိုယ်အရွယ်အစားကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အမျိုးသားတွေရဲ့ခြေထောက်က အမျိုးသမီးတွေရဲ့ခြေထောက်နဲ့ယှဉ်ရင် ကြွက်သား (၈၀) ရာခိုင်နှုန်းလောက် ပိုရှိပါတယ်။ အပိုကြွက်သားတွေက အမျိုးသားတွေကို မြန်မြန်ပြေးနိုင်အောင် ကူညီပေးပါတယ်။ အမျိုးသမီးတွေရဲ့ အဆုတ်နဲ့နှလုံးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် အောက်စီဂျင်ကို နည်းနည်းပဲရှုနိုင်ပါတယ်။ ဒါကလည်း အမျိုးသားနဲ့အမျိုးသမီးတို့ရဲ့ပြေးတဲ့နှုန်းကွာခြားမှုပါပဲ။

Ref: Why men can run faster than women

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top