ဧဝရက်တောင်ထိပ်ကို ၂၆ ကြိမ်တက်ရောက်ပြီး စံချိန်သစ်တင်

9-5-2022-yyl51.jpg

နီပေါနိုင်ငံသား တောင်တက်လမ်းပြ ကာမီရီတာက ဧဝရက်တောင်ထိပ်ကို ၂၆ ကြိမ်မြောက် တက်ရောက်ပြီး စံချိန်သစ်တင်လိုက်ပါပြီ။ ၅၂ နှစ်သား ကာမီရီတာဟာ ပြီးခဲ့တဲ့စနေနေ့က တခြားတောင်တက်လမ်းပြ ၁၀ ယောက်ကို ဦးဆောင်ပြီး အရှေ့တောင်ဘက်လမ်းကြောင်းကနေ တောင်ထိပ်ကို တက်ရောက်ခဲ့တာပါ။

သူဟာ မနှစ်တုန်းက ဧဝရက်တောင်ကို ၂၅ ကြိမ်မြောက် တက်ရောက်ပြီး စံချိန်တင်နိုင်ခဲ့သလို ဒီနှစ်မှာ သူ့ရဲ့စံချိန်ဟောင်းကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ကာမီရီတာ အသုံးပြုခဲ့တဲ့ တောင်တက်လမ်းကြောင်းဟာ ၁၉၅၃ ခုနှစ်မှာ ဧဝရက်တောင်ကို ပထမဆုံး တက်ရောက်အောင်မြင်သူတွေဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား ဆာအက်ဒ်မွန်ဟီလာရီနဲ့ နီပေါတောင်တက်သမား တန်ဇင်းတို့ စတင်ဖော်ထုတ်ခဲ့တာဖြစ်ပြီး လူသုံးအများဆုံးလမ်းကြောင်း ဖြစ်ပါတယ်။

Ref: CNN “Nepali Sherpa breaks his own record again by scaling Everest 26 times, official says”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top