ခွေးလေးနဲ့အတူ နာမည်ကြီးပန်းချီကားတွေလို ပြန်လည်သရုပ်ဖော်ပြခဲ့တဲ့ ပန်းချီဆရာမ

9-5-2022-yyl31.jpg

ဟာသအနေနဲ့ နာမည်ကြီးအနုပညာရှင်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေလို တုပပြီး လုပ်ပြကြတာတွေကလည်း တော်တော်လေးခေတ်စားပါတယ်။ တက္ကဆပ်ပြည်နယ်က အဲလီဇာ ရိမ်ဟက်ဒ်တ် ဆိုတဲ့ ပန်းချီဆရာမတစ်ယောက်ကတော့ သူ့ရဲ့ခွေးလေး ဖင်န်နဲ့အတူ နာမည်ကြီးပန်းချီကားတွေလို သရုပ်ဖော်ပြခဲ့ကြပါတယ်။ အခုလို ပြန်လည်သရုပ်ဖော်ဖြစ်ခဲ့တာကတော့ the Getty Museumရဲ့ မိမိတို့ရဲ့ကိုယ်ပိုင်နည်းနဲ့ နာမည်ကြီးပန်းချီကားတွေကို ပြန်လည်ဖန်တီးစေတဲ့ စိန်ခေါ်မှုကြောင့်ပါပဲ။

ကပ်ရောဂါအတွင်းမှာ အဲလီဇာက အလုပ်ကနေ ထွက်ခဲ့ရတာကြောင့် အိမ်မှာပဲ ပန်းချီရေးဆွဲဖြစ်ခဲ့ပါတယ်။ ဖင်န်ကလည်း သူ့သခင်ကို ကူညီပေးချင်ခဲ့တယ်။ အဲဒါကြောင့် အဲလီဇာက ဖင်န် ပါဝင်လို့ရမယ့် ပရောဂျက်တစ်ခုကို လိုချင်ခဲ့တယ်။ အဲဒီလိုနဲ့ သူက The Met and Getty Museum က လုပ်နေတဲ့ စိန်ခေါ်မှုတစ်ခုကို တွေ့ခဲ့တယ်။ အဲဒီစိန်ခေါ်မှုကို အဲလီဇာနဲ့ ဖင်န်တို့ လုပ်ဆောင်ခဲ့ကြပြီး အဲဒီလိုလုပ်ရတာကို သူတို့နှစ်သက်တာကြောင့် စိန်ခေါ်မှုပြီးသွားတာတောင့် ဆက်ပြီးလုပ်ဆောင်ခဲ့ကြပါတယ်။ အခုဆိုရင် သူတို့ ပြန်လည်ဖန်တီးခဲ့တာ ၄၅၀ နီးပါးရှိပါပြီ။

နာမည်ကြီးပန်းချီကားအတိုင်း ပြန်လည်သရုပ်ဖော်ရတာ ဟာသတစ်ခုလို ထင်ရပေမဲ့ ကောင်းတဲ့ရိုက်ချက်တစ်ခု ဖန်တီးဖို့အတွက် အချိန်ပေးရပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က အဲလီဇာတို့ဟာ ဒါတွေကို လုပ်ဖို့ ၄ နာရီ-၈ နာရီကျော်လောက် အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ လုပ်တာများလာတော့ အချိန်သိပ်မပေးရတော့ပေမဲ့ တစ်ခါတလေ အချိန် ၃ နာရီကြာတတ်သလို ၄ နာရီကြာသွားတာမျိုးလည်း ရှိပါတယ်။

အစပိုင်းတုန်းကတော့ အဲလီဇာက မနက်တိုင်း ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ပုံတွေကို ကြည့်ပြီး ရွေးရတယ်။ ဒါပေမဲ့ မတူတဲ့ပုံပေါင်း ၄၅၀ လုပ်ပြီးသွားတော့ ပိုပြီးရွေးရတယ်။ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က အဲလီဇာက အမျိုးသမီးတွေရဲ့လက်ရာတွေအပေါ် အာရုံစိုက်ခဲ့တယ်။ သူတို့ရဲ့လက်ရာတွေကို Credit ပေးပြီး မျှဝေခဲ့တယ်။

အဲလီဇာက နာမည်ကြီးပန်းချီကားတွေအတိုင်း ပြန်လည်ဖန်တီးပုံဖော်တဲ့အခါ အိမ်မှာရှိတဲ့ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ စတူဒီယိုက ပစ္စည်းတွေ၊ ပိတ်စတွေကို အသုံးပြုခဲ့တယ်။ သူက လက်မှုပညာလည်းကျွမ်းကျင်တဲ့အတွက် အဲဒီပညာကိုလည်း အသုံးချပါတယ်။ လိုအပ်ရင် နောက်ခံတွေကိုလည်း ဆေးရောင်တွေသုတ်ပါတယ်။

အဲလီဇာရဲ့ခွေးလေးကလည်း အံ့မခန်းပါပဲ။ သူ့တာဝန်ကျေပွန်အောင် လုပ်နိုင်ပြီး အတော်လေးအလုပ်ကြိုးစားပါတယ်။ ခွေးတစ်ကောင်အနေနဲ့ ထူးချွန်ပါတယ်။ အဲလီဇာနဲ့ သူ့ရဲ့ခွေးလေးတို့ ဘယ်လောက်ကြိုးစားထားလဲဆိုတာကို သူတို့ရဲ့ပုံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: Boredpanda “Artist Started Recreating Famous Paintings Together With Her Dog During Quarantine, And They’re Still Going Strong Two Years Later”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top