ဘိုးဘွားဂေဟာက (၉၂) နှစ်အဘွားအို သေဆုံးမှုအတွက် (၁၀၂ နှစ်) အရွယ် အဘွားအိုကို သံသယရှိနေ

60870441_2391837547513818_1489164057440157696_n.jpg

ပြင်သစ်နိုင်ငံရဲ့ ဘိုးဘွားဂေဟာမှာ (၉၂) နှစ်အရွယ် အဘွားအိုတစ်ယောက် သေဆုံးမှုအတွက် အသက် (၁၀၂) နှစ်အရွယ် အဘွားအိုကို လူသတ်မှုနဲ့ သံသယရှိနေပါတယ်။ ပြင်သစ်နိုင်ငံမြောက်ပိုင်း ချီဇီဆာမာနေးဒေသက ဘိုးဘားဂေဟာမှာ အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး သူ့မျက်နှာက ဆိုးဆိုးရွားရွား ပျက်စီးနေတာ တွေ့ရပါတယ်။

သေဆုံးသူအဘွားအိုနဲ့ သံသယရှိတဲ့ အဘွားအိုဟာ ခုတင်နီးနားချင်းတွေလို့ ဆိုပါတယ်။ သေမှုသေခင်း စစ်ဆေးချက်အရ လည်ပင်းညှစ်ပြီး ခေါင်းကို ထုနှက်ခံထားရတယ်လို့ ကောက်ချက်ချထားပါတယ်။ လူသတ်မှုနဲ့ သံသယရှိတဲ့ အဘွားအိုဟာ ဒီဖြစ်ရပ်မတိုင်ခင်မှာ တစ်ယောက်ယောက်ကို သတ်မယ်လို့ ပြုစုစောင့်ရှောက်သူတစ်ဦးကို ပြောခဲ့ဖူးပါတယ်။ အဘွားအိုဟာ အဲဒီဖြစ်ရပ်အပြီးမှာ ဒေါသထွက်ပြီး စိတ်ရှုပ်နေပုံပေါ်သလို လူတစ်ယောက်ကို သတ်မိခဲ့တယ်လို့ ပြုစုစောင့်ရှောက်သူကို ပြောခဲ့ပါတယ်။ အဘွားအိုက ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ကျခံနိုင်လောက်တဲ့ အခြေအနေ ရှိ၊ မရှိဆိုတာကို စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top