COVID-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် National Energy Puma Aviation Services Co., Ltd. – NEPAS က ထောက်ပံ့ငွေလှူဒါန်း

Photo-2.jpg

National Energy Puma Aviation Services Co., Ltd. – NEPAS အနေနဲ့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းလုပ်အားပေးများကို ထောက်ပံ့ကူညီပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တိတိကို (၁၅.၇.၂၀၂၀) ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၂၇၊ နေပြည်တော်မှာ လှူဒါန်းခဲ့ပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ National Energy Puma Aviation Services က မြန်မာနိုင်ငံအထွေထွေမန်နေဂျာ Mr. Gary John Fisher တို့က လှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူခဲ့ပါတယ်။

National Energy Puma Aviation Services Co., Ltd. – NEPAS က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း – MPPE နဲ့ Puma Energy Group Pte., Ltd. တို့ အကျိုးတူ ဖက်စပ် ဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်းကို မြန်မာနိုင်ငံတစ်ဝန်း လေဆိပ် (၁၁) ခုမှာ လုပ်ဆောင်နေပြီး မြန်မာ့စီးပွားရေးကဏ္ဍနဲ့ ဟိုတယ်နှင့် ခရီးသွားရေး ကဏ္ဍတွေကို ပံ့ပိုးကူညီပေးနေပါတယ်။

ဒီလှူဒါန်းမှုက NEPASရဲ့ကုမ္ပဏီလုပ်ငန်းဆောင်ရွက်ရာလူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် လုပ်ဆောင်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းများ (CSR)ရဲ့တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ NEPAS အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၂ သန်းကို လူမှုအကျိုးပြုလုပ်ငန်း များအတွက် သုံးစွဲပြီးဖြစ်ပါတယ်။ NEPAS အနေနဲ့မျက်စိ ရောဂါကုနှင့်သင်ကြားရေး လေယာဉ်ဆေးရုံကြီး (ORBIS) အတွက်လှူဒါန်းခြင်း၊ ခြေမသန်စွမ်းကလေးငယ်တွေအတွက် ဘီးတပ်ကုလားထိုင်များ ပေးဝေရာမှာ ပံ့ပိုးကူညီခြင်း၊ မိဘမဲ့ကျောင်းများတွင် ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားရသော ဒေသများအတွက် ကူညီထောက်ပံ့ခြင်း၊ မြန်မာနိုင်ငံတစ်ဝန်း လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးဟောပြောပွဲအစီအစဉ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် NEPAS အနေဖြင့် ရန်ကုန်မြို့ရှိ အသက်မွေးမှုနည်းပညာသင်တန်းကျောင်း (Center for Vocational Training) နှင့် ပူးပေါင်းပြီး မြန်မာ့လူငယ်များရဲ့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အရည်အသွေးများ မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီခဲ့ပါတယ်။ စီးပွားရေးဘာသာရပ်အထူးပြုသင်ကြားမယ့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာသင်ဆုများကို ပေးအပ်ခဲ့ပါတယ်။ NEPAS က ဝန်ထမ်းဦးရေ စုစုပေါင်း (၂၂၁) ဦးရှိပြီး မြန်မာနိုင်ငံသား ၉၉.၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်း ထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ဝန်ထမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လေ့ကျင့်သင်ကြားပေးမှုများကိုလည်း ဆောင်ရွက်ပေးနေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top