လွန်ခဲ့သော နှစ် ၄၀ က အမှားအတွက် အံ့အားသင့်စရာ တောင်းပန်စာတစ်စောင်

book.webp

ကယ်လီဖိုးနီးယားပြည်နယ်၊ ယူရေကာမြို့မှ Booklegger စာအုပ်ဆိုင်ပိုင်ရှင် ဂျန်နီဖာမက်ဖတ်ဒန် (Jennifer McFadden) ဟာ စာအုပ်ဟောင်းတစ်အုပ်၊ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတစ်ရွက်နဲ့အတူ တောင်းပန်စာတစ်စောင် ပါဝင်တဲ့ ပါဆယ်ထုပ်တစ်ထုပ် လက်ခံရရှိခဲ့ပါတယ်။

” သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ဟမ်းဘိုးလ်ပြည်နယ်တက္ကသိုလ်မှာ ပညာသင်နေတုန်း မူးယစ်ဆေးဝါးနဲ့ အရက်စွဲလမ်းမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း၊ အဲဒီအချိန်က Booklegger စာအုပ်ဆိုင်ကနေ အက်ဒဝပ်ဂိုရေး (Edward Gorey) ရေးသားတဲ့ The Unstrung Harp စာအုပ်ကို ခိုးယူမိခဲ့ကြောင်း၊ အခုအခါမှာ ကားဂိုဒေါင်ထဲကနေ စာအုပ်ကို ပြန်လည်တွေ့ရှိရပြီး သူ့အမှားအတွက် နောင်တရမိတာကြောင့် ခိုးယူခဲ့တဲ့ စာအုပ်နဲ့အတူ ဒေါ်လာ ၁၀၀ တန် တစ်ရွက် ပေးပို့လိုက်ကြောင်း၊ သူ့အမှားအတွက် နောက်ထပ် လုပ်ပေးစေချင်တာမျိုး ရှိရင်လည်း ဆက်သွယ်နိုင်ကြောင်း ” စာထဲမှာ ရေးသားထားပါတယ်။

နှစ် ၄၀ ကျော်က ကျူးလွန်မိခဲ့တဲ့ အမှားအတွက် မမေ့မလျှော့ ပြန်တောင်းပန်ခဲ့တဲ့ လုပ်ရပ်အတွက် အံ့အားသင့်သလို ဝမ်းမြောက်မိကြောင်း Booklegger စာအုပ်ဆိုင် ပိုင်ရှင် မက်ဖတ်ဒန်က ဆိုပါတယ်။

Ref: Stolen book returned to store after 40 years with apology, $100

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top