မြန်မာငွေ သိန်း ၃၀ ကျော်တဲ့ Balenciaga ဖက်ရှင်အမှတ်တံဆိပ် တဘက်စောင်စကတ်

20.11.23-yyl-4.jpg

ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ် Balenciaga က နောက်ဆုံးထွက်အမိုက်စားအဝတ်အထည်ကို ထုတ်ပြခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တာက တဘက်စောင်စကတ်ပါပဲ။ ဒီစကက်ရဲ့ဈေးနှုန်းက လူအများပြောစရာဖြစ်စေခဲ့ပါတယ်။

ခါးမှာ တဘက်စောင်ပတ်ထားသလို ပုံစံ စကတ်ထွင်ဖို့ ဖက်ရှင်အမှတ်တံဆိပ်ရဲ့နောက်ကွယ်က ဖန်တီးသူ ဒမ်နာ ဂဗာဆာလီယာက စိတ်ကူးရခဲ့တာပါ။ ဒီတဘက်စောင်စကတ်ကို မကြာသေးခင်ကမှ ထုတ်ခဲ့ပြီး သူ့ရဲ့ဈေးနှုန်းကတော့ အံ့ဩစရာပါပဲ။ ဒီစကတ်ကို Spring 2024 show မှာ ပွဲထုတ်ခဲ့တာပါ။

ဒီစကတ်ရဲ့အရှည်က ဒူးကျော်ပြီး terry-cotton သားနဲ့ ပြုလုပ်ထားတာပါ။ မိန်းကလေးရော ယောက်ျားလေးရော ဝတ်လို့ရပါတယ်။ ဒီတဘက်စောင်စကတ်ရဲ့ဈေးနှုန်းက မြန်မာငွေ သိန်း ၃၀ ကျော် (ဒေါ်လာ ၉၂၅) ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကတော့ စကတ်ဟာ ငွေအများကြီးကုန်ကျခံပြီး ဝယ်ရလောက်တဲ့အထိ ဘာမှမထူးခြားဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

Ref: New Balenciaga Launch Has Internet Fuming, Brand Sells Towel Skirt For Outrageous Prices

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top