မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ကာရာဂွာအလှမယ် သရဖူဆွတ်ခူးပြီး ထိုင်းအလှမယ် 1st runner-up ရရှိ

20.11.23-yyl-၈.jpg

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ နိုင်ကာရာဂွာအလှမယ် ရှန်နစ်ပလာစီယို့စ်က မယ်စကြဝဠာသရဖူ ဆွတ်ခူးခဲ့ပြီး ထိုင်းအလှမယ် အန်တိုနီယာပေါ်ဆစ်က 1st runner-up ဆု ဆွတ်ခူးသွားခဲ့ပါတယ်။

မယ်စကြဝဠာသရဖူကို ပလာစီယို့စ် ဆွတ်ခူးနိုင်ခဲ့တာဟာ မယ်စကြဝဠာပြိုင်ပွဲမှာ နိုင်ကာရာဂွာ အလှမယ်တစ်ဦး သရဖူဆွတ်ခူးနိုင်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးအဆင့် အမေး၊ အဖြေကဏ္ဍမှာ ” အခြားအမျိုးသမီးတစ်ဦးရဲ့ ဘဝမျိုးနဲ့ ရှင်သန်နေထိုင်ခွင့် ရမယ်ဆိုရင် ဘယ်သူ့ဘဝကို ရွေးချယ်ချင်လဲ”လို့ မေးမြန်းခဲ့ပြီး ပလာစီယို့စ်က ၁၈ ရာစု ဗြိတိန်အမျိုးသမီးရေး လှုပ်ရှားသူ မေရီဝိုစတိန်းခရက်ဖ်ရဲ့ ဘဝမျိုး နေထိုင်ချင်တယ်လို့ ဆိုပါတယ်။

1st runner-up ရခဲ့တဲ့ ဒိန်းမတ်နွယ်ဖွား ထိုင်းအလှမယ် အန်တိုနီယာပေါ်ဆစ်ကတော့ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်ဘဝကို ရွေးချယ်မယ်လို့ ဆိုပါတယ်။

Ref: Miss Nicaragua wins 2023 Miss Universe pageant

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top