လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရပြီးနောက် မိုင် ၁၀၀၀ ကျော်ခရီး ကားမောင်းပြီး သားသမီးတွေကို Disney World လိုက်ပို့ခဲ့သူ

3.7.23-yyl-6.jpg

Disney World ကို သွားမယ့် ခရီးစဉ်အတွက် အားလုံးပြင်ဆင်ပြီးကာမှ လေကြောင်းခရီးစဉ် ဖျက်သိမ်းလိုက်ပြီးနောက်မှာ ဖခင်ဖြစ်သူက မိုင် ၁၀၀၀ ကျော် အကွာအဝေး ကားမောင်းပြီး Disney World အထိ လိုက်ပို့ပေးခဲ့ပါတယ်။ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ မွန်တာနက်ဇ်က ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီမှာ အလုပ်လုပ်သူဖြစ်ပြီး အလုပ်မအားတာကြောင့် ဇနီးသည်နဲ့ သားသမီးနှစ်ယောက်ရဲ့ ၂ ရက်တာ ခရီးစဉ်မှာ လိုက်ပါဖို့ အစီအစဉ် မရှိပါဘူး။ သူက လေဆိပ်အထိပဲ ပို့ပေးဖို့ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ လေဆိပ်ရောက်တဲ့အခါ သူတို့လိုက်ပါမယ့် United Airlines လေကြောင်းလိုင်းရဲ့ ဖလော်ရီဒါ လေကြောင်းခရီးစဉ် ဖျက်သိမ်းခံခဲ့ရပြီး တခြားလေကြောင်းခရီးစဉ်နဲ့ လိုက်ပါဖို့လည်း အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ သူတို့က ဒီခရီးစဉ်အတွက် လနဲ့ချီ စီစဉ်ထားခဲ့တာဖြစ်လို့ သားအမိ ၃ ယောက်လုံး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။ အိမ်ပြန်ရတော့မယ်လို့ သူတို့ တွေးနေချိန်မှာပဲ မွန်တာနက်ဇ်က မိုင် ၁၀၀၀ ကျော်အကွာအဝေး ကားမောင်းပြီး Disney World ကို သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

” ကားထဲ ရောက်တော့ ကျွန်မတို့အားလုံး ကြေကွဲနေတာပေါ့။ အဲဒီမှာ ယောကျာ်းက သွားဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးတော့ အိမ်ပြန်ဖို့ မေးနေတယ်ပဲ ထင်ပြီး ” အင်း” လို့ ပြန်ပြောခဲ့တာပေါ့။ ဒါဆိုလည်း ခရီးရှည်ကြီး စတင်လိုက်ရအောင်လို့ သူပြောတော့မှ ကားနဲ့ လိုက်ပို့မယ်မှန်း သိတာ” လို့ မွန်တာနက်ဇ်ရဲ့ဇနီးသည် ဂျီလ်က ဆိုပါတယ်။

မွန်တာနက်ဇ်ဟာ Disney World မှာ ကလေးတွေ ကြာကြာနေခွင့်ရစေဖို့ လမ်းခရီးမှာ ခဏပဲ နားပြီး ၁၇ နာရီဆက်တိုက် ကားမောင်းသွားခဲ့တာပါ။ ” ကမ္ဘာပေါ်မှာ ဒီလိုလုပ်ပေးမယ့်သူမျိုး များများစားစား မရှိနိုင်ပါဘူး။ သူတို့အဖေရဲ့ ဒီလုပ်ရပ်ကိုလည်း ကလေးတွေက အလွန့် အလွန် ကျေနပ်ပီတိ ဖြစ်နေကြတယ်။ သူတို့အဖေအကြောင်း ပြောလို့မဆုံး ဖြစ်နေကြတယ်။ နာသန်က မိသားစုအတွက် တကယ့်ကို မှီခိုအားထားစရာပါပဲ” လို့ ဂျီလ်က ပြောပါတယ်။

Ref: New Jersey Dad Drives 1,000 Miles After Wife and Kids Had Flight to Disney Cancelled: ‘He’s Our Rock’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top