ဆေးရုံတက်နေရတဲ့ ကျောင်းသူတစ်ယောက်အတွက် ကောလိပ်က သီးသန့်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပေးခဲ့

3.7.23-yyl-7.jpg

မက်ကန်ဇီ မိုင်ယာဆိုတဲ့ ကောင်မလေးက Louisiana Tech University မှာ သူနာပြုတတ်နေတဲ့ ကျောင်းသူလေးတစ်ယောက်ပါ။ သူ ဘွဲ့မယူခင် ရက်အနည်းငယ်မှာ ပြင်းထန်တဲ့ ကားမတော်တဆမှုဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တက္ကသိုလ်က သူ့ကို ဆေးရုံမှာ သီးသန့်ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်ပေးပြီး ဘွဲ့နှင်းအပ်ပေးခဲ့ပါတယ်။

မက်ကန်ဇီက ကားမတော်တဆမှုကြောင့် သူ့ရဲ့ ကျောရိုးကို ထိခိုက်မိခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်။ အဲဒီနောက် ပြန်လည်ထူထောင်ရေးဆေးရုံကို ပြောင်းရွေ့တက်ခဲ့ရပါတယ်။ ဇွန်လ ၂၃ ရက်နေ့က မက်ကန်ဇီကို အထက်လွှတ်တော်အမတ် ဘီလ် ကက်ဆီဒီက ဆေးရုံကနေ ဒီပလိုမာဘွဲ့ပေးအပ်ခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာ သူ့ရဲ့ချစ်လှစွာသောလူတွေလည်း သူ့ကို ဝန်းရံပေးခဲ့ပါတယ်။ ဘီလ်က သူနာပြုကောင်းတစ်ယောက်ဖြစ်လာမှာပါလို့လည်း မက်ကန်ဇီကို အားပေးခဲ့ပါတယ်။

Louisiana Tech University ဥက္ကဌ လက်စ် ဂူဆီကလည်း မက်ကန်ဇီကို Louisiana Tech မှာ တက်ခဲ့တဲ့အချိန်အတွင်း ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတော်တော်များများရှိပေမဲ့ ရည်မှန်းချက်ချမှတ်ပြီး အဲဒါတွေ ရရှိဖို့ မမောမပန်းအလုပ်လုပ်ခဲ့တဲ့သူဖြစ်တယ်လို့ အားပေးစကားပြောခဲ့ပါတယ်။

မက်ကန်ဇီက အသက် ၄ နှစ်တုန်းကလည်း အဆင့် ၄ အာရုံကြောကင်ဆာရောဂါဖြစ်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပြီး အသက်ရှင်ဖို့ အခွင့်အရေး ၃၀ ရာခိုင်နှုန်းပဲရှိခဲ့တာပါ။ ဒါပေမဲ့ သူ ဒီရောဂါကြီးကို ကျော်လွှားနိုင်ခဲ့တဲ့အပြင် ဒါက သူ့ကို သူနာပြုတစ်ယောက်ဖြစ်လာအောင် ကြိုးစားဖို့ လှုံ့ဆော်မှုဖြစ်ခဲ့တာပါ။ အခု မက်ကန်ဇီက ပြန်လည်ကောင်းမွန်လာအောင်လုပ်နေစဉ်အတွင်း သူ့အစ်မဖြစ်သူက သူ့နဲ့အတူနေပြီး ဂရုစိုက်နေပါတယ်။

Ref: College holds special graduation at the hospital for nursing student after she met with an accident

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top