ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသသွားမယ့် ကိုရီးယားသဘာဝဘေးအန္တရာယ်ရုပ်ရှင်ကားအသစ်

unnamed1-1.png

“ Emergency Declaration” လို့အမည်ရတဲ့ ကိုရီးယားသဘာဝဘေးအန္တရာယ်ရုပ်ရှင်ကားအသစ်ရဲ့တရားဝင်ပိုစတာထွက်ရှိလာခဲ့ပါပြီ။ အဲဒီရုပ်ရှင်ကားသစ်ဟာဆိုရင် ပိတ်ကားထက်မရောက်ခင် ကိန်းရုပ်ရှင်ပွဲတော်မှာ အကြိုပြသသွားမှာဖြစ်ပါတယ်။

ဟန်ဂျယ်ရင်း (Han Jae Rim) ရိုက်ကူးထားတဲ့ “ Emergency Declaration” ရုပ်ရှင်ကားမှာ အော်စကာဆုရရှိခဲ့တဲ့ Parasite ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ ဆောင်ကန်ဟို (Song Kang Ho)၊ မင်းသားကြီး လီဗြောင်ဟွန်း (Lee Byung Hun)၊ မင်းသမီး ဂျောင်ဒိုယွန်း (Jeon Do Yeon)၊ မင်းသား ကင်နမ်ဂီလ် (Kim Nam Gil)၊ မင်းသားချော အင်ဆီဝမ် (Im Siwan)၊ ကင်ဆိုဂျင်း (Kim So Jin)၊ မင်းသား ပတ်ဟေးဂျွန် (Park Hae Joon) တို့ ပါဝင်ထားကြပါတယ်။ ခရီးသည်လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်တဲ့အချိန်မှာ မကြုံစဖူးကြုံတွေ့ရတဲ့ ဘေးအန္တရာယ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားက ၇၄ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ မင်းသား ဆောင်ကန်ဟို၊ လီဗြောင်ဟွန်း၊ အင်ဆီဝမ်တို့က ကိန်းရုပ်ရှင်ပွဲတော်ကို တက်ရောက်မှာဖြစ်ပါတယ်။ ဆောင်ကန်ဟိုက ရုပ်ရှင်ကားတွေအတွက် အကဲဖြတ်ဒိုင်အနေနဲ့ ပါဝင်ဆောင်ရွက်ရမှာဖြစ်သလို လီဗြောင်ဟွန်းကလည်း ဆုကြေညာပေးသူအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“Emergency Declaration” ရုပ်ရှင်ကားရဲ့တရားဝင်ပိုစတာမှာ အင်္ဂလိပ်လို ရုပ်ရှင်ခေါင်းစဉ်နဲ့ ထိုင်ပါ ( Take Your Seat) ဆိုတဲ့ စာသားလည်း ပါဝင်သလို လေယာဉ်ပျက်ကျခြင်းရဲ့သဘာဝဘေးအန္တရာယ်ကို ညွှန်ပြနေတဲ့ ပုံရိပ်ကိုလည်း ပြသထားပါတယ်။

ရုပ်ရှင်ကားမှာ သရုပ်ဆောင်တွေက ကျရာဇာတ်ရုပ်အသီးအသီးမှာသရုပ်ဆောင်ထားကြပါတယ်။ ဆောင်ကန်ဟိုက လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးတဲ့ ထောက်လှမ်းရေးသမား၊ ဂျောင်ဒိုယွန်းက အရာရှိ၊ လီဗြောင်ဟွန်းက လေယာဉ်ပျံတွေကို ကြောက်ရွံ့တတ်တဲ့ ဖခင်တစ်ယောက်၊ ကင်နမ်ဂီလ်က ဒုလေယာဉ်မှူး၊ အင်ဆီဝမ်က ခရီးသည်၊ ကင်ဆိုဂျင်းက လေယာဉ်မယ်၊ ပတ်ဟေးဂျွန်က အစိုးရရဲ့အကျပ်အတည်းစီမံခန့်ခွဲမှုစင်တာရဲ့ခေါင်းဆောင်အဖြစ် ပါဝင်ထားကြပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကို ဇူလိုင်လ ၆ ရက်နေ့ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ “Emergency Declaration” ရုပ်ရှင်ကားပြသမယ့်ရက်ကတော့ ဇူလိုင်လ ၁၇ ရက်နေ့ဖြစ်ပါတယ်။

Ref: Soompi “New Disaster Movie Starring Song Kang Ho, Jeon Do Yeon, Lee Byung Hun, Im Siwan, And More Unveils Dramatic Poster And Stills”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top