Justice World Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ စတင်မယ့် ဂျက်စတင်ဘီဘာ

16-11-2021yyl1.png

လူငယ်ပရိသတ်တွေရဲ့အသည်းစွဲ အဆိုတော်ဂျက်စတင်ဘီဘာကတော့ သူ့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ Justic World Tour ကို ကျင်းပတော့မှာဖြစ်ပါတယ်။ Justice World Tour မှာ UK က မြို့ကြီး (၆) မြို့လည်း ပါဝင်ပါတယ်။

အခြားမြို့တွေမှာတော့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီကစတင်မှာဖြစ်ပြီး UK က မြို့ကြီး (၆) မြို့မှာတော့ ၂၀၂၃ခုနှစ် ဖေဖော်ံဝါရီက စပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ ကမ္ဘာလှည့်ဖျော်ဖြေမယ်ဆိုတဲ့ သတင်းတွေဟာ အခုနှစ် မတ်လက Justice အယ်ဘမ်ထွက်ရှိပြီးနောက် ထွက်ပေါ်လာခဲ့တာပါ။ “ကျွန်တော်တို့ အရင်က မလုပ်ခဲ့ဖူးတဲ့ အကောင်းဆုံးရှိုးကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။ ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေနဲ့ တွေ့ရဖို့ ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်တို့ မကြာခင် တွေ့ကြမယ်” လို့ ဂျက်စတင်ဘီဘာက ပြောခဲ့ပါတယ်။

ဂျက်စတင်ဘီဘာ နောက်ဆုံးဖျော်ဖြေခဲ့တာကတော့ ၂၀၁၇ခုနှစ်က လန်ဒန်မြို့ Hyde Park မှာ ကျင်းပခဲ့တဲ့ British Summer Time Festival ပါပဲ။ အဲဒီနောက် (၃) နှစ်လောက် ဖျော်ဖြေပွဲ မကျင်းပဖြစ်ခဲ့ပါဘူး။ ၂၀၂၀ခုနှစ်တုန်းကတော့ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် နှစ်သစ်ကူးအတွက် LA ဖျော်ဖြေမှုကို Live Streaming လုပ်ခဲ့ရပါတယ်။

Justice World Tour ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီမှာ မက္ကဆီကိုနိုင်ငံက စတင်သွားမှာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၂ခုနှစ် ဩဂုတ်လမှာ Festival Show တွေအတွက် စကင်ဒီနေဗီးယားကို ဉီးတည်ပြီး တိုက်ကြီး (၅) တိုက်ကို ဖြတ်သွားမှာဖြစ်ပါတယ်။ တောင်အမေရိက၊ တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းတွေမှာတော့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ဖျော်ဖြေမှာဖြစ်ပြီး ဩစတြေးလျ၊ နယူးဇီလန်တို့မှာ ၂၀၂၂ခုနှစ်နှစ်ကုန်အထိ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

UK ပရိသတ်တွေက ဂျက်စတင်ဘီဘာရဲ့ဖျော်ဖြေမှုကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကြား ကြည့်ရှုရမှာဖြစ်ပါတယ်။ လက်မှတ်ရောင်းချမှုကို အခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ သောကြာနေ့ မှာ တိုက်ရိုက်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Amex Card ကိုင်ဆောင်ထားသူတွေကတော့ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ မှာ လန်ဒန်မြို့ဖျော်ဖြေပွဲကလွဲပြီး ကျန်ပွဲအားလုံးအတွက် ကြိုတင်ရောင်းချမှုကို သီးသန့်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ လန်ဒန်မြို့ဖျော်ဖြေပွဲလက်မှတ်အကြိုရောင်းချမှုကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

UK ရဲ့ မြို့ကြီး ၆ မြို့မှာ ဖျော်ဖြေမယ့် ရက်စွဲတွေကတော့

၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၈ ရက် – ဂလပ်စဂိုးမြို့ (Glasgow)။ ကျင်းပမည့်နေရာ (OVO Hydro)
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် – အဘာဒင်းမြို့(Aberdeen)၊ ကျင်းပမည့်နေရာ (P&J Live)
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၃ – ၁၄ ရက် – လန်ဒန်မြို့၊ ကျင်းပမည့်နေရာ (The O2)
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် – ဘာမင်ဂမ်မြို့(Birmingham)၊ ကျင်းပမည့်နေရာ (Resorts World Arena)
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် – မန်ချက်စတာမြို့ (Manchester) ၊ ကျင်းပမည့်နေရာ (AO Arena)
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် – ရှက်ဖီးမြို့ (Sheffield)၊ ကျင်းပမည့်နေရာ (Utilita Arena) တို့ဖြစ်ပါတယ်။

Ref: Ladbible “Justin Bieber To Visit Six UK Cities For First Global Tour Since 2017”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top