အီဂျစ်ပရိမစ်တွေထက် ပိုရှေးကျတဲ့ အိုင်ယာလန်သင်္ချိုင်းဂူ

31-1-2023yyl-2.jpg

အိုင်ယာလန်နိုင်ငံက သမိုင်းဦးခေတ် သင်္ချိုင်းဂူဟာ နှစ်သက်တမ်း ၅၂၀၀ ရှိပြီး အီဂျစ်ပိရမစ်တွေထက် ပိုရှေးကျတယ်လို့ ဆိုပါတယ်။ Newgrange သချိုင်းဂူကို ကျောက်ခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး သချိုင်းဂူရှိရာ တောင်ပို့ဟာ ၁ ဧကနီးပါး ကျယ်ဝန်းပြီး အချင်း ၂၇၉ ပေ၊ အမြင့် ၄၃ ပေ ရှိပါတယ်။

၆၂ ပေ ရှည်လျားတဲ့ သင်္ချိုင်းဂူ ဝင်ပေါက်လျှောက်လမ်းဟာ အခန်းငယ် ၃ ခန်းပါတဲ့ ခန်းမကျယ်ကြီးဆီ ဦးတည်နေပါတယ်။ ဆောင်းယာဉ်စွန်းချိန်ကာလ နံနက်နေထွက်ချိန်မှာ သင်္ချိုင်းဂူထဲ အလင်းပျံ့နှံ့အောင် ဝင်ပေါက်နဲ့ ခန်းမကို တည်ဆောက်ထားတဲ့ ပညာရပ်က အံ့အားသင့်စရာပါ။ သင်္ချိုင်းဂူကို ကျောက်တုံးကြီး ၉၇ တုံးနဲ့ ဝိုင်းပတ်ကာရံထားပြီး တချို့ကျောက်တုံးတွေမှာ သမိုင်းဦးခေတ် ဥရောပရဲ့ အနုပညာလက်ရာတွေ ထွင်းထားပါတယ်။

Ref: Newgrange – World Heritage Site


NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top