အတ္ထုပ္ပတ္တိရုပ်ရှင်မှာ မိုက်ကယ်ဂျက်ဆင်အဖြစ် သူ့ရဲ့တူဖြစ်သူက သရုပ်ဆောင်သွားမယ်

31-1-2023yyl-၅.jpg

ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား “Michael” မှာ သူ့ရဲ့တူဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဂျာဖာ ဂျက်ဆင်က မိုက်ကယ်ဂျက်ဆင်အဖြစ် သရုပ်ဆောင်မှာဖြစ်တယ်လို့ Lionsgate Studio က ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Michael ဇာတ်ကားက ပေါ့ပ်ဘုရင်ဖြစ်လာခဲ့တဲ့ အမျိုးသားအကြောင်း ဖော်ထုတ်ပြသမယ်။ မိုက်ကယ်ဂျက်ဆင်ဘဝရဲ့ကဏ္ဍပေါင်းစုံနဲ့ သူ့ကို ဂီတလောကမှာ ကြယ်ပွင့်ဖြစ်လာစေတဲ့ လမ်းကြောင်းပေါ် ရောက်စေခဲ့တဲ့ အထင်ကရအကောင်းဆုံးဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ Liongate Studio ရဲ့ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ရိုက်ကူးရေးကို အခုနှစ်ထဲ စတင်မှာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမယ့် ဒါရိုက်တာ အန်တွိုင်ဖုကွာနဲ့ ထုတ်လုပ်သူ ဂရာဟမ်ကင်း နှစ်ဦးစလုံးက ဂျာဖာ ဂျက်ဆင်က သူ့ဦးလေးကို အတုယူတတ်တဲ့စွမ်းရည်ရှိပြီး သူ့ဘဝဇာတ်ကြောင်းကို ပြန်အသက်သွင်းပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ “ဂျာဖာက ဒီဇာတ်ရုပ်ကို တာဝန်ယူနိုင်တဲ့ တစ်ဦးတည်းသောသူဆိုတာ ရှင်းပါတယ်”လို့ ဂရာဟမ်ကင်းက ပြောကြားခဲ့တဲ့အပြင် သူ့ကို မိုက်ကယ်ဂျက်ဆင်အဖြစ် ဖန်သားပြင်ထက်မှာ မြင်တွေ့ရဖို့ မစောင့်နိုင်တော့ဘူးလို့လည်း ဆိုခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူစွဲချက်နဲ့ ၂၀၁၉ ခုနှစ် မှတ်တမ်းရုပ်ရှင် Leaving Neverland မှာပါဝင်တဲ့ မိုက်ကယ်ဂျက်ဆင်အပေါ် စွပ်စွဲချက်တွေ ဇာတ်ကားမှာ ပါဝင်မယ်လို့တော့ Liongate က တိုက်ရိုက်ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။
ဂျာဖာ ဂျက်ဆင်က မိုက်ကယ်ဂျက်ဆင်ရဲ့အစ်ကိုဖြစ်သူ အဆိုတော်၊ထုတ်လုပ်သူ ဂျမိန်း ဂျက်ဆင်ရဲ့သားဖြစ်ပါတယ်။

Ref: Michael Jackson’s nephew to play King of Pop in biopic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top