Lego ရဲ့ နည်းပညာအသစ်

lego_001.jpg

ကလေးငယ်များသာမက လူငယ်များပါ ကြိုက်နှစ်သက်ကြတဲ့ လီဂို (Lego) အမှတ်တံဆိပ် စူပါမန်း ၊လင်းနို့လူသား စတဲ့

စူပါဟီးရိုးအရုပ်ကလေးများကို အားလုံးမြင်ဖူးတွေ့ဖူးကြမှာပါ။ လီဂို(Lego) ဟာ သူတို့ရဲ့ကုန်ပစ္စည်းများထုတ်လုပ်ရာမှာ နည်းပညာအသစ်တစ်မျိုးဖြင့် အဆင့်မြင့်ထုတ်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

သစ်ပင်ထွက်ပစ္စည်းကို အခြေခံထားတဲ့ ဇီဝပလတ်စတစ်များကို အသုံးပြုကာ ထုတ်ကုန်ပစ္စည်းတွေ ပိုပြီး ကြာရှည်အသုံးပြုနိုင်ဖို့အတွက် ကြိုးစားထုတ်လုပ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နည်းပညာအသစ်၊ ဇီဝပလတ်စတစ်များနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းအချို့ကို စတင်စမ်းသပ်ထုတ်လုပ်နေပြီး ယခုနှစ်ကုန်ပိုင်းမှာ စတင်မိတ်ဆက်ရောင်းချသွားမှာဖြစ်ပါတယ်။ ဇီဝပလတ်စတစ်တွေကို ကြံပင်ကနေ အဓိကရယူကာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့နဲ့ ဇီဝပလတ်စတစ်ဆိုင်ရာ မိတ်ဖက်အဖွဲ့တို့ ပူးပေါင်းပြီး ထုတ်လုပ်လျက်ရှိပါတယ်။

လေ့လာစမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာ ဇီဝပလတ်စတစ်များဟာ သာမန်ပလတ်စတစ်များလိုပဲ ပိုလီအီသိုင်လင်း(Polyethylene) ပါဝင်ပြီး ကြာရှည်အသုံးပြုနိုင်ကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ “ဇီဝပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့အရုပ်များဟာ သာမန်ပလတ်စတစ်အရုပ်များနဲ့ ထူးခြားကွဲပြားခြင်းတော့မရှိတဲ့အတွက် မိဘများနဲ့ကလေးများက လွယ်လွယ်ကူကူတော့ သတိပြုမူမှာမဟုတ်ပါဘူး”လို့ လီဂို(Lego) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လီဂို(Lego)ဟာ ဆက်လက်ထုတ်လုပ်မယ့် အရုပ်တွေကို ရေရှည်အသုံးပြုနိုင်အောင် ဇီဝပလတ်စတစ်နည်းပညာကိုသာ သုံးစွဲသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top