အခေါင်းထဲမှာ အသက်ရှူနေသေးကြောင်း တွေ့ရတဲ့ အမျိုးသမီးကြီး ဆေးရုံတက်ပြီး တစ်ပတ်အကြာမှာ ကွယ်လွန်

19.6.2023-yyl-1.jpg

အခေါင်းထဲမှာ အသက်ရှူနေသေးကြောင်း တွေ့ရှိခဲ့တဲ့ အီကွေဒေါအမျိုးသမီးကြီးဟာ အထူးကြပ်မတ်ကုသဆောင်မှာ ၇ ရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၇၆ နှစ်အရွယ်ရှိတဲ့ မွန်တိုယာကို ဘာဘာဟိုယိုမြို့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြီးခဲ့တဲ့သီတင်းပတ်မှာ သေဆုံးပြီလို့ မှတ်ချက်ချခဲ့တာပါ။

ဒါပေမဲ့ သူ့ကို အခေါင်းထဲထည့်ပြီး ၅ နာရီအကြာမှာ အဝတ်အစားလဲပေးဖို့ အခေါင်းဖွင့်လိုက်ချိန် မွန်တိုယာ အသက်ရှူနေသေးကြောင်း တွေ့ရှိခဲ့လို့ အရေးပေါ် ဆေးရုံပို့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဦးနှောက်သွေးကြောပေါက်လို့ မွန်တိုယာ သေဆုံးသွားပြီဖြစ်ကြောင်း အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့တာပါ။

ဆရာဝန်က သေပြီလို့ မှတ်ချက်ချခဲ့တဲ့ အမျိုးသမီး အခေါင်းထဲမှာ အသက်ရှူနေသေးကြောင်း တွေ့ရှိတဲ့သတင်းကိုဖတ်ရှုရန်

Ref: Woman who knocked on coffin at her funeral dies after week in hospital

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top