အကြင်နာတရားတွေနဲ့ ကမ္ဘာကြီးကို တောက်ပသွားစေနိုင်တဲ့ လူသားများ

ki0.jpg

လူသားတွေ အကြင်နာတရားထားတတ်ရင် ကမ္ဘာကြီးတောင် လှပသွားနိုင်ပါတယ်။။အခြားတစ်ယောက်အေပေါ်ထားရှိလိုက်တဲ့ သင့်ရဲ့အကြင်နာတရားက ကြီးမားတဲ့သက်ရောက်မှုရှိတယ်ဆိုတာ သင် သိပါသလား။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အကြင်နာတရားထားရှိ ထားရှိ သင်ကိုယ်တိုင် စိတ်ပျော်ရွှင်အေးချမ်းရသလို တခြားသူတွေလည်း စိတ်ချမ်းမြေ့ရပါတယ်။ လိုအပ်တဲ့သူတွေကို အဝတ်အထည်ပေးကမ်းလှူဒါန်းတာ၊ ဒုက္ခရောက်နေတဲ့တိရစ္ဆာန်လေးတွေကို ဂရုစိုက်တာတွေကို မြင်ရတာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲ။ အကြင်နာတရားတွေနဲ့ ဒီကမ္ဘာကြီးကို တောက်ပသွားစေတဲ့၊ အကောင်းဆုံးနေရာတစ်ခုဖြစ်သွားစေတဲ့သာမန်လူသားတွေအကြောင်းစုစည်းဖော်ပြပေးလိုက်ပါရစေ..။

တိုက်ဖွန်းမုန်တိုင်းအတွင်း ခိုကိုးရာမဲ့ဖြစ်သွားခဲ့တဲ့ ကြောင်လေးကို ကာကွယ်ပေးခဲ့တဲ့ ကောင်လေး

သူ့ထက် ပိုပြီး လိုအပ်နေတဲ့ အမျိုးသားတစ်ယောက်ကို အဝတ်အထည်တွေ ပေးပစ်ခဲ့တဲ့ နိုင်ငံခြားသားခရီးသည်

Valentine’s Dayရောက်တိုင်း ဘိုးဘွားရိပ်သာက မုဆိုးမတွေကို ညစာ ကျွေးမွေးပြီး လက်ဆောင်တွေ၊ နှင်းဆီပန်းတွေ ပေးလေ့ရှိတဲ့ အမျိုးသား

ကင်ဆာရောဂါရှိနေတဲ့ ကျောင်းသားကို ကျောင်းစာတွေ လက်လှမ်းမိအောင် ကျောင်းသားရဲ့ဘေးကနေ ထိုင်ပြီး သင်ပေးခဲ့တဲ့ ကျောင်းဆရာ

စတိုးဆိုင်မှာ မူးလဲသွားခဲ့တဲ့ အမျိုးသမီးတစ်ယောက် မှီလို့ရအောင် သူ့ရဲ့ဘေးမှာ ထိုင်ပေးခဲ့တဲ့ စတိုးဆိုင်ဝန်ထမ်း

မိုးသည်းထန်စွာရွာသွန်းနေတဲ့အချိန်မှာ သမင်လေးနဲ့အတူ ထီး မျှဆောင်းခဲ့တဲ့ ဂျပန်နိုင်ငံက ကလေးငယ်

ဒီကလေးမလေးကတော့ စစ်သားကို မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါပေမဲ့ အဲဒီစစ်သားကတော့ စစ်ပွဲအတွင်း သူ့ကို ပန်းပေးခဲ့တဲ့ ကလေးမလေးကို အမြဲတမ်း သတိရနေမှာပါ

ဟာရီကိန်းမုန်တိုင်းပြီးသွားတဲ့နောက်မှာ အိမ်တစ်အိမ်က ဖုန်းအားသွင်းဖို့လိုအပ်နေတဲ့သူတွေအတွက် အားသွင်းလို့ရအောင် ထားရှိပေးခဲ့ပါတယ်။ ဒါမှ သူတို့ချစ်တဲ့သူတွေနဲ့ အဆက်အသွယ်လုပ်လို့ရမှာပါ

အသက်ကြီးပြီး နေမကောင်းဖြစ်နေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ဖိနပ်ကြိုးကို ချည်ပေးနေတဲ့ ရဲသား

ဆာလောင်နေတဲ့ ဖျံပေါက်ကလေးကို အစာရေဆာတိုက်ကျွေးနေတဲ့ လူတစ်ယောက်

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top