အသက် ၈ နှစ်ကတည်းက လူသိများလာခဲ့တဲ့ ဗြိတိန်ရဲ့အချမ်းသာဆုံး YouTuber စာရင်းဝင် နစ်ကီ လီလီ

6-10-2022-yyl03.jpg

ဗြိတိန်ရဲ့အချမ်းသာဆုံး YouTuber စာရင်းဝင် နစ်ကီ လီလီ

လူမှုကွန်ယက်တွေကနေ ဝင်ငွေတွေ အများကြီးရနေတဲ့ နစ်ကီ လီလီဆိုတဲ့ ကောင်မလေးဟာ အသက် ၁၈ နှစ်ရှိပြီဖြစ်ပေမဲ့ အသက် ၈ နှစ်ကစပြီး သူ့ရဲ့ YouTube ဗီဒီယိုတွေနဲ့ လူသိများခဲ့တာပါ။

သူက အခြားသက်တူရွယ်တူတွေနဲ့မတူဘဲ Arteriovenous Malformation (ဦးနှောက်သွေးလွှတ်ကြောနှင့်သွေးပြန်ကြော မှားယွင်းဆက်သွယ်မှု) လို့ခေါ်တဲ့ ကျန်းမာရေးအခြေအနေကို အသက် ၆ နှစ်အရွယ်မှာ ခံစားခဲ့ရပါတယ်။ ဒီကျန်းမာရေးအခြေအနေကြောင့် သူ့မျက်နှာတခြမ်းက ဖောင်းပြီးရောင်နေသလိုဖြစ်နေပါတယ်။ အဲဒီလို အခြေအနေနဲ့ နေထိုင်ရတဲ့ သူ့ရဲ့အတွေ့အကြုံတွေအကြောင်း YouTube ဗီဒီယိုတွေဖန်တီးပြီး မျှဝေခဲ့ပါတယ်။

ဗြိတိန်ရဲ့အချမ်းသာဆုံး YouTuber စာရင်းဝင် နစ်ကီ လီလီ

သူ့ရဲ့အကြောင်းနဲ့အတွေ့အကြုံတွေကို မျှဝေခြင်းဖြင့် နစ်ကီက YouTube မှာ Subscriber ၁.၂ သန်း ရှိလာခဲ့ပါတယ်။ ဗြိတိန်ရဲ့အချမ်းသာဆုံးYouTuber စာရင်းဝင်လည်းဖြစ်တဲ့ နစ်ကီက အင်စတာဂရမ်မှာ follower ၄ သိန်းကျော်၊ TikTok မှာ follower ၈.၅ သန်းရှိပါတယ်။

ဗြိတိန်ရဲ့အချမ်းသာဆုံး YouTuber စာရင်းဝင် နစ်ကီ လီလီ

အခုဆို နစ်ကီက ကမ်ပိန်းလှုပ်ရှားသူ၊ စာရေးဆရာနဲ့ တီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်နေပြီး သူ့ရဲ့ဘဝအကြောင်း မီးမောင်းထိုးပြတဲ့ ဗီဒီယိုတွေကြောင့် လူမှုကွန်ယက်မှာ ပိုပြီးလူသိများနေပါတယ်။ ဖက်ရှင်ပွဲတွေ၊ အခြားပွဲတွေကိုလည်း တက်ရောက်နေရပါပြီ။ မကြာသေးခင်က London Fashion Week ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။
နစ်ကီက အင်စတာဂရမ် ပို့စ်တစ်ခုကို ပေါင် ၂၅၀၀ ရရှိပြီး TikTok နဲ့ YouTube မှာ ဒီထက်ပိုရနိုင်တယ်လို့ Believe ကြော်ငြာကုမ္ပဏီတည်ထောင်သူ အေဒရီရန် ဖာခ်က ခန့်မှန်းထားပါတယ်။

Ref: Nikki Lilly

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top