တရုတ်နိုင်ငံမှ အကင်စုံစားသောက်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်လို့ လူ ၃၁ ဦး သေဆုံး

22.6.2023-yyl-13.jpg

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ယင်ချွန်းမြို့က အကင်စုံ စားသောက်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်လို့ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ဖူယန်းအကင်စုံ စားသောက်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဂတ်စ်ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်တာလို့ ယူဆထားပြီး ဆိုင်ရှင်အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ဆုံစည်းစားသောက်ကြတဲ့ နဂါးလှေပွဲတော် ပိတ်ရက် ၃ ရက်မတိုင်မီ ရက်မှာ အခုလို ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဖူယန်းစားသောက်ဆိုင်ဟာ နင်ရှားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ယင်ချွန်းမြို့လယ်က စားသောက်တန်းမှာ တည်ရှိတဲ့ဆိုင်ပါ။ အကင်စုံ စားသောက်ဆိုင်တွေဆိုဟာ တရုတ်နိုင်ငံရဲ့ လမ်းဘေးဈေး စီးပွားရေးဈေးကွက်ရဲ့ အထင်ကရဖြစ်ပြီး ဒေသခံတွေ အများဆုံးစားလေ့ရှိကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ဒီပေါက်ကွဲမှုမှာ ကယ်ဆယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေးကို မီးကုန်ယမ်းကုန် အစွမ်းကုန်ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။ ပေါက်ကွဲမှုမဖြစ်ခင် တစ်နာရီအလိုမှာ ဆိုင်ဝန်ထမ်းတစ်ယောက်က ဂတ်စ်အနံ့ ရခဲ့လို့ စစ်ဆေးကြည့်ချိန်မှာ ဂတ်စ်အိုး အဆို့ပြုတ်နေလဲ အဆို့လဲနေတုန်း ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၁ ယောက်ထဲမှာ အထက်တန်းကျောင်းသား/သူတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပါတယ်။ ဒဏ်ရာရသူ ၇ ယောက်အနက် ၁ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။

Ref: Yinchuan: China restaurant gas explosion kills 31

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top