ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်တဲ့အနေနဲ့ ဓာတ်လှေကားခလုတ်တွေကို ခြေနင်းခလုတ်တွေနဲ့ အစားထိုးပေးထားတဲ့ ထိုင်းနိုင်ငံရဲ့ ရှော့ပင်းမောလ်

26-5-2020-yyl-005.jpg

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် လူတာ်တော်များများက လူစုလူဝေးများတဲ့နေရာတွေ၊ အပြင်ထွက်တာတွေကို ရှောင်ကျဉ်နေကြရပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့တစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေက ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ဖောက်သည်တွေကို ကာကွယ်ပေးဖို့အတွက် အမျိုးမျိုးသောကာကွယ်နည်းတွေ လုပ်ဆောင်နေကြပါတယ်။ တချို့က လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့အတွက် အကာအကွယ်အတားအဆီးတွေ ဖန်တီးဆောက်လုပ်ထားသလို Mask တပ်ဖို့နဲ့ ပိုးသတ်ဆေးဖျန်းပေးတာတွေလုပ်ပေးကြပါတယ်။ ထိုင်းနိုင်ငံက ရှော့ပင်းမောလ်တစ်ခုဆိုရင် ဈေးလာဝယ်သူတွေကို လူအများနှိပ်တဲ့ဓာတ်လှေကားခလုတ်တွေကို လက်နဲ့မထိမိအောင် သူတို့ရဲ့ဓာတ်လှေကားထဲမှာ ခြေနင်းခလုတ်တွေတပ်ဆင်ပေးထားပါတယ်။

ဘန်ကောက်မြို့၊ ပရာဝက်မှာ ရှိတဲ့ Seacon Square က နေရာတစ်ခုတည်းကို လူအများထိတွေ့မိမှာဆိုးတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရာလည်း ရောက်အောင် ဓာတ်လှေကားခလုတ်ကို ခြေနင်းခလုတ်တွေနဲ့အစားထိုးထားပါတယ်။ အဲဒီလိုလုပ်ထားတာကို မကြာသေးခင်ကမှ ရှော့ပင်းမောလ်ရဲ့တာဝန်ရှိသူတစ်ဦးက ” ဓာတ်လှေကား အပေါ်အအောက်သွားဖို့အတွက် ခြေနင်းခလုတ်ကို အသုံးပြုထားပါတယ်။ သင်သွားချင်တဲ့အထပ်ကို ဖြောင်းဖြောင်းတန်းတန်းသွားရုံပါပဲ။ အဆင်ပြေလွယ်ကူစေပြီး လက်တွေနဲ့ ထိစရာမလိုပါဘူး” လို့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

ဈေးဝယ်လာသူတွေက ဓာတ်လှေကားရှေ့နဲ့အတွင်းထဲမှာ ခြေနင်းခလုတ်တွေကို တွေ့ရတဲ့အတွက် အံ့အားသင့်ခဲ့ရပေမဲ့ လက်နဲ့ထိစရာမလိုတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ “သူတို့ ဒီလိုပြင်ဆင်ထားတာ ကောင်းပါတယ်။ တစ်ချိန်တည်းမှာ ကျွန်မတို့တွေက ပစ္စည်းတော်တော်များများကို လက်နဲ့ကိုင်ရတဲ့အတွက် ပိုပြီးလုံခြုံသလိုခံစားရပါတယ်။ အခုဆိုရင် ဓာတ်လှေကားနှိပ်ဖို့အတွက် ကျွန်မတို့ရဲ့ခြေထောက်ကို အသုံးပြုလို့ရပါတယ်။ ဒါ တကယ်ကို ကောင်းပါတယ်” လို့ ဈေးလာဝယ်သူတစ်ဦးက ပြောပါတယ်။

ရှော့ပင်းမောလ်ရဲ့ဒုဥက္ကဌကလည်း ခြေနင်းခလုတ်တွေက ဈေးဝယ်သူတွေကို စိတ်အေးချမ်းမှုပေးတယ်ဆိုတဲ့အကြောင်းကို “ရောဂါကူးစက်ဖို့အလွယ်ကူဆုံးနည်းက ညစ်ညမ်းတဲ့အရာဝတ္ထုတစ်ခုကို ထိတွေ့လိုက်တဲ့အခါမှာပါ။ နောက်ဆုံးမှာ သင့်မျက်နှာကို လက်နဲ့ထိမိပြီး သင့်ပါးစပ်၊ မျက်လုံးထဲကို ဗိုင်းရပ်စ်ဝင်သွားမှာပါ။ ဒါကြောင့် လက်နဲ့ထိစရာမလိုဘဲ ဓာတ်လှေကားကို ခြေထောက်နဲ့နှိပ်ရတဲ့အကြံရလာခဲ့ပါတယ်” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ထပ်ပြီးတွေ့ရှိတာ နှေးသွားတဲ့အတွက် မတ်လကတည်းက ပိတ်ထားခဲ့ရတဲ့ ရှော့ပင်းမောလ်တွေနဲ့ စတိုးဆိုင်တွေကို အခုလ ဒုတိယပတ်မှာ ပြန်လည်ဖွင့်စေခဲ့ပါတယ်။

Ref: Look, no hands! Thai mall puts pedals in lifts to keep coronavirus at bay

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top