ဂျော့ဖလွိုက်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရဲအရာရှိဟောင်းရဲ့ အာမခံကြေးကို ကန်ဒေါ်လာ ၁.၂၅ သန်း သတ်မှတ်

9-6-2020-yyl-005.jpg

လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မင်နီယာပိုလစ် ရဲအရာရှိဟောင်းကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အာမခံကြေးကို အမေရိကန်ဒေါ်လာ ၁.၂၅ သန်း သတ်မှတ်ခဲ့ပါတယ်။ ရဲအရာရှိဟောင်း ဒီရက်ချော်ဗင်အပေါ် တင်ထားတဲ့ စွဲချက်တွေရဲ့ ပြင်းထန်မှု၊ ပြည်သူလူထုရဲ့ နာကျည်းခံပြင်းမှု စတဲ့အချက်တွေကြောင့် သူ့ရဲ့အာမခံကြေးကို အမေရိကန်ဒေါ်လာတစ်သန်းကျော်အထိ တိုးမြှင့်ခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီရက်ချော်ဗင်ဟာ ဒုတိယအဆင့် လူသတ်မှု၊ မရည်ရွယ်ဘဲ လူသတ်မှု စတဲ့ စွဲချက်တွေ ရင်ဆိုင်နေရပြီး သူနဲ့အတူ တာဝန်ကျခဲ့တဲ့ တခြားအရာရှိဟောင်း ၃ ယောက်ကတော့ လူသတ်မှုကို ကူညီမှု၊ အားပေးအားမြှောက်လုပ်မှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းခြင်းခံရချိန်မှာ ချော်ဗင်က ဇက်ကို ဒူးနဲ့ဖိထားခဲ့ပြီးနောက် ဂျော့ဖလွိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top