မွေးကင်းစကလေးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

crying-newborn-baby-lying-on-a-sofa-covered-by-a-5YPDWN8.jpg

ဖေဖေ၊ မေမေ ပူပူနွေးနွေးဖြစ်ကာစမှာ မွေးလာတဲ့ သားသား၊ မီးမီးတို့အကြောင်း သိထားမှသာ အစစ အရာရာ အဆင်ပြေမှာပါ။ ဒါကြောင့် ဘယ်လို အချက်တွေကို မဖြစ်မနေ သိထားသင့်လဲဆိုတာ ကြည့်ကြရအောင်…

မွေးကင်းစကလေးတွေက အူယားစရာကောင်းတယ်

မိခင်ဝမ်းထဲက ကျွတ်ကျွတ်ခြင်း ကလေးတွေကို မြင်ရတာ အသည်းယားဖို့ အရမ်းကောင်းပါတယ်။ အကျိအချွဲတွေနဲ့ မသန့်စင်ရသေးတဲ့ ဆံပင်ရယ်၊ မျက်နှာဖောင်းဖောင်းလေးရယ် ပြီးတော့ မျက်စိကိုလည်း အသားကုန်မှိတ်ထားသေးတယ်။ မိခင်ဝမ်းထဲမှာ ကိုးလလောက်နေခဲ့ပြီး ပြင်ပလောကကို အခုမှ မိတ်ဆက်ရသူလေးဟာ မကြာမီမှာ ချစ်ဖို့ကောင်းတဲ့ သားသား၊ မီးမီးလေးတွေအဖြစ် ကြီးပြင်းလာမှာပါ။

မွေးပြီး ကာလ ၆ ပတ်အထိတိုင် ပြုံးခြင်း၊ ခိုးခိုးခစ်ခစ်ရယ်ခြင်း မရှိပါဘူး

သင်က သားသား၊ မီးမီးတို့ကို ချော့မြူပြီးစကားတွေ ပြောနေချိန် တုံ့ပြန်မှု တစ်ခုအဖြစ် ရယ်ပြုံးတာ၊ ခိုးခိုးခစ်ခစ် အသံပေးတာကို ပြန်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သူတို့လေးတွေက အခုမှ သူတို့ကို ပွေ့ချီလေ့ရှိတဲ့ အဖေနဲ့ အမေ လက်ကို မှတ်ရုံပဲ ရှိပါသေးတယ်။ ဒါကြောင့် အများကြီး မမျှော်လင့်ထားပါနဲ့။

ချက်ကြွေသွားတဲ့ အချိန် ရေချိုးပေးလို့ရပါတယ်

ချက်က ခြောက်အောင်ထားမယ်ဆိုရင် နှစ်ပတ်အတွင်းမှာ ကြွေကျပါတယ်။ ကလေးကို ရေချိုးပေးမိလို့ ချက်စိုသွားရင် ခြောက်အောင် ပြန်သုတ်ပေးဖို့တော့ လိုပါမယ်။ ချက်ကြွေကျစဉ်မှာ သွေးနည်းနည်းပါးပါး ထွက်တာလောက်ကတော့ ကိစ္စမရှိပါဘူး။

ငယ်ထိပ် မဆက်တဲ့ ဦးခေါင်းကို ကိုင်တွယ်လို့ရပါတယ်

ငယ်ထိပ်မဆက်တဲ့ အတွက် ထိရမှာ၊ အဲ့နားက ဆံပင်တွေကို ဖြီးပေးရတာတွေကို မဝံ့မရဲ မဖြစ်ပါနဲ့။ ညင်ညင်သာသာ ကိုင်တွယ်ပေးလို့ရပါတယ်။

ဗိုက်ဆာပြီဆို အသိပေးပါလိမ့်မယ်

ကလေးတွေက ၂ နာရီကနေ ၃နာရီခြားတစ်ခါ ဗိုက်ဆာတတ်ပါတယ်။ မွေးကင်းစကလေးတွေက ပထမအပတ်ထဲမှာတင် မွေးကာစ ပေါင်ချိန်ထက် ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း ကျသွားတတ်ပါတယ်။ ဒုတိယအပတ်လောက်ရောက်ရင် ကိုယ်အလေးချိန် ပြန်တက်လာပါတယ်။

အရေပြားခြောက်သွေ့တာက မွေးကင်းစကလေးတွေရဲ့ ထုံးစံပါ

အရေပြားခြောက်သွေ့တာ မဖြစ်စေချင်ဘူးဆိုရင်တော့ ကလေးအတွက် ဘေးဥပါဒ်မရှိစေမယ့် baby lotion လေး လိမ်းပေးလို့ ရပါတယ်။

အိမ်မှာနေစဉ် ကလေးကို အနှီးနဲ့ ကြပ်ထုတ်နေအောင် ပတ်ထားဖို့မလိုပါဘူး

အပြင်ထွက်တဲ့ အချိန်မှာ နေရောင်ခြည်ဒဏ်ကာကွယ်ဖို့၊ ရောဂါပိုးမွှားရန်က ကာကွယ်ဖို့ အနှီးနဲ့ ထုပ်ထားပေမယ့် အိမ်မှာနေရင်တော့ ဒီလောက်ထိ မလိုပါဘူး။

မွေးကင်းစကလေးတွေ ကအရမ်းငိုပါတယ်

ဒါက သူတို့လေးတွေ ဖေဖေ၊ မေမေနဲ့ ဆက်သွယ်ကြတဲ့နည်းပါ။ ဗိုက်ဆာတယ်၊ ချမ်းတယ်၊ သေးထွက်သွားတယ်ဆိုရင် စူးစူးဝါးဝါး အော်ငိုပြီး သင့်ကို အသိပေးမှာပါ။ အစပိုင်းမှာ သင်က အိပ်ရေးပျက် ပြီး စိတ်ညစ်ရပေမယ့် နောက်ဆိုရင်တော့ ကျင့်သားရပြီး အသင့်ဖြစ်နေမှာပါ။

မွေးကင်းစကလေးတွေက တအားအိပ်ပါတယ်

မွေးကင်းစကလေးတွေက အသက် ၃ လရောက်တဲ့ အထိ တစ်နေ့ကို ၆ နာရီကနေ ၈ နာရီကြာ အိပ်ပါတယ်။ သူ့ကို အစာကျွေးဖို့အတွက် မဟုတ်ရင် မနှိုးတာ အကောင်းဆုံးပါ။ ညဘက်မှာတော့ ကလေးကို မနှိုးဘဲ အသားကုန် အိပ်ခွင့်ပေးလိုက်ပါ။ ဒါမှ မွေးလာတုန်းက ကျသွားတဲ့ ကိုယ်အလေးချိန် ပြန်တိုးလာမှာ ဖြစ်ပါတယ်။

Ref: parents.com

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top