ရှုပ်ပွကြမ်းတမ်းတဲ့ဆံသားကို ပျော့ပျောင်းသွားစေမယ့် အချက် (၄) ချက်

hair-1.jpg

သင့်ဆံသားလေးက ရှုပ်ပွ၊ ကြမ်းတမ်းနေတယ်ဆိုရင် အရင်ဆုံး သင့်ဆံသားကို အဲဒီလိုဖြစ်စေတဲ့အရာတွေကို သိရှိဖို့လိုပါတယ်။ သင့်ဆံပင်ကို အရောင်ဆိုးထားလို့လား၊ ဓာတုပစ္စည်းတွေ အထိများလို့လား။ ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို ဆီမလိမ်းလို့လား။ အဲဒီလိုတွေဖြစ်လာရင်တော့ ရှုပ်ပွကြမ်းတမ်းနေတဲ့ ဆံသားလေးကို ပိုးသားလေးလို ပျော့ပျောင်းနေစေမယ့် အချက် (၄) ချက်ကို ဒီအကြောင်းအရာလေးကနေ ပြောပြပေးသွားမှာပါနော်..။

သင့်ဆံသားကို နူးညံ့စေတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ

သင့်ဆံသားကို မပျက်စီးစေတဲ့ ဆာလဖိတ်အက်ဆစ်မပါတဲ့ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးစွဲပါ။ အဲဒီခေါင်းလျှော်ရည်က သင့်ဆံသားကို ပျော့ပျောင်းစေမှာဖြစ်ပါတယ်။ ခေါင်းလျှော်ရည်က ဂလစ်ဆရင်ပါရင် ပိုပြီးကောင်းပါတယ်။

ပျော့ဆေးသုံးပေးပါ

လူအများစုက ခေါင်းလျှော်တိုင်းအခါတိုင်း ပျော့ဆေးမသုံးပဲ ကျော်ကျော်သွားတတ်ပါတယ်။ သင့်ဆံသား ပျက်စီးခြင်းကို ကာကွယ်ပေးဖို့ဆိုရင် ပျော့ဆေးသုံးပေးဖို့ လိုအပ်ပါတယ်။

အပတ်တိုင်း ပျော့ဆေးကို ထိထိမိမိ သုံးပေးပါ

ဖြစ်နိုင်ရင် ခေါင်းလျှော်တဲ့အခါတိုင်း ပျော့ဆေးကို သေသေချာချာ ထိထိမိမိ သုံးပေးသင့်ပါတယ်။ ဒါမှ သင့်ဆံသားလေး ပျော့ပျောင်းသလို ခံစားရပြီး ရေဓာတ်ပြည့်နေမှာပါ။

အစိုဓာတ်ထိန်းပေးတဲ့ဆီကို အသုံးပြုပေးပါ

ဆံသားကို အစိုဓာတ်ထိန်းပေးတဲ့ဆီ လိမ်းပေးလို့ အကောင်းဆုံးအချိန်က ခေါင်းလျှော်ပြီးတဲ့နောက် ဆံပင်ရေစိုနေတုန်းမှာပါ။ ဆံပင်အဖျားနဲ့ ရှုပ်ပွကြမ်းတမ်းနေတဲ့ဆံသားတွေကို ဆီလိမ်းပေးရမှာဖြစ်ပါတယ်။

Ref: TOI “ways to manage frizzy hair”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top