အသုံးပြုတွေရဲ့လှုပ်ရှားမှုတွေအပေါ် ခြေရာခံစောင့်ကြည့်မှုကိုအဆုံးသတ်တော့မယ့် ဖေ့စ်ဘွတ်ခ်

69268723_2548742115156693_6368160804486774784_n.jpg

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က အသုံးပြုတွေရဲ့လှုပ်ရှားမှုတွေအပေါ် ခြေရာခံစောင့်ကြည့်နေတာကို အဆုံးသတ်ဖို့လုပ်ဆောင်နေပါပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ Setting ထဲမှာ ပါဝင်လာမယ့် Off-Facebook Activity ဟာ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို ဖေ့စ်ဘွတ်ခ်ဆီပို့ပေးနေတဲ့ app တွေ၊ ဝက်ဘ်ဆိုက်တွေကို ဖော်ပြပေးမှာပါ။ ဖေ့စ်ဘွတ်ခ်ဟာ ကြော်ငြာတွေရဲ့ထိရောက်မှုအားကောင်းစေဖို့ အဲဒီလှုပ်ရှားမှုအချက်အလက်တွေကို အသုံးပြုလေ့ရှိပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ သူ့ပလက်ဖောင်းပေါ်မှာတင်မကဘဲ အခြားနေရာတွေကတစ်ဆင့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူလေ့ရှိပါတယ်။ ဝက်ဘ်ဆိုက်မှာ Facebook Pixel လို့အမည်ရတဲ့ကုဒ်သုံးပြီး အသုံးပြုသူတွေရဲ့လှုပ်ရှားမှုတွေကို ခြေရာခံစောင့်ကြည့်တတ်ပါတယ်။ ဒါကြောင့် ဝက်ဘ်ဆိုက်ပေါ်မှာ ဖိနပ်တွေရှာလိုက်တာနဲ့ ကိုယ့်ရဲ့ဖေ့စ်ဘွတ်ခ်ထဲမှာ ဖိနပ်ကြော်ငြာတွေ မြင်လာရတာမျိုး ကြုံရလေ့ရှိပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ တခြားလူမှုကွန်ရက်တွေက သူတို့ရဲ့ Browser တွေကတစ်ဆင့် အသုံးပြုသူတွေရဲ့လှုပ်ရှားမှုတွေအပေါ် ခြေရာခံစောင့်ကြည့်နေတာကို တားဆီးနိုင်ဖို့လုပ်ဆောင်နေပြီလို့ Apple နဲ့ Mozilla က ပြောခဲ့ပြီးနောက်မှာ ဖေ့စ်ဘွတ်ခ်က အခုလိုအပြောင်းအလဲလုပ်ခဲ့တာပါ။ Off-Facebook Activity မှာ History ကိုရှင်းလင်းနိုင်မယ့် လုပ်ဆောင်ချက်လည်းပါပါတယ်။ လောလောဆယ်မှာတော့ Off-Facebook Activity ကို အိုင်ယာလန်၊ စပိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး တဖြည်းဖြည်းချင်းကျမှ တခြားနိုင်ငံတွေမှာအသုံးပြုခွင့်ရလာဖို့ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top