ဆံသားတွေကို သဘာဝအတိုင်းဖြောင့်စင်းသွားစေမယ့် နည်းလမ်းတွေ

24-9-2020-yyl-019.jpg

ဆံပင်တွေ ရှုပ်ပွနေလို့ ဆံသားတွေ ဖြောင့်စင်းစင်းလေးဖြစ်ဖို့ ဆံသဆိုင်သွားလုပ်လုပ်နေရတာ စိတ်ကုန်နေပြီလား။ အခုလိုအချိန်မှာ ဆံသဆိုင်တွေလည်း ပိတ်ထားတော့ ဆံသားတွေ ဖြောင့်စင်းဖို့အတွက် သွားလုပ်လို့လည်းမရတော့ဘူး။ ဒီလိုမျိုးစိတ်မကျေနပ်စရာတွေနဲ့ ကြုံတွေ့နေရတဲ့ပျိုမေတွေအတွက် ဖြေရှင်းနည်းရှိပါတယ်နော်။ အိမ်မှာပဲ ရှုပ်ပွနေတဲ့သင့်ဆံပင်တွေကို ဖြောင့်စင်းသွားအောင် လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေရှိတဲ့အတွက် အဆင်ပြေသွားစေမှာပါ။ ဆံသားလေးတွေ ဖြောင့်စင်းသွားဖို့ အိမ်မှာ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးလိုက်ရပါတယ်။ ဆံသားတွေကို ပေါင်းတင်ပေးရမှာပါနော်။

နွားနို့၊ ကြက်ဥတို့နဲ့ ဆံပင်ပေါင်းတင်နည်း

သင်လုပ်ပေးဖို့လိုတာက နွားနို့တစ်ခွက်နဲ့ ကြက်ဥတစ်လုံးတို့ပါပဲ။ နွားနို့ခွက်ထဲကို ကြက်ဥတစ်လုံးထည့်ပြီး မိနစ်အနည်းငယ်လောက် ခလောက်ပေးပါ။ နှံ့စပ်အောင် ခလောက်ပြီးသွားရင်တော့ သင့်ဆံသားမှာ သုတ်လိမ်းလိုက်ပါ။ နာရီဝက်လောက် ပေါင်းတင်ပြီး တစ်ဘတ်နဲ့ ဆံပင်ကို ပတ်ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ရည်အပျော့စားနဲ့ ဆံပင်ကို လျှော်ပေးလိုက်ရုံပါပဲ။

ရှားစောင်းလက်ပက်၊ အဆီတွေနဲ့ ပေါင်းတင်နည်း

ရှားစောင်းလက်ပက်က ဆံပင်အတွက် ကောင်းကျိုးတွေရှိတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ရှားစောင်းလက်ပက်အနည်းငယ်ထဲကို အုန်းဆီခွက်တစ်ဝက်လောက်ထည့်ပြီး ရောစပ်လိုက်ပြီးရင် ဆံပင်မှာ သုတ်လိမ်းပြီး ပေါင်းတင်လိုက်တာနဲ့ ရှုပ်ပွနေတဲ့ဆံသားတွေကို ဖြောင့်စင်းသွားစေမှာပါ။ အချိန် (၁) နာရီလောက်တော့ ဆံပင်ကို ပေါင်းတင်ထားသင့်ပါတယ်။ ပြီးသွားရင်တော့ သင့်စိတ်ကြိုက်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ရမှာဖြစ်ပါတယ်။

ပန်းသီအရက်ဗင်နီဂါနဲ့ ဆံသားကို ဖြောင့်စင်းအောင်လုပ်နည်း

ပန်းသီးအရက်ဗင်နီဂါကလည်း ဆံသားကို သဘာဝအလျောက် အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်မှာ ပန်းသီးအရက်ဗင်နီဂါကို သုံးပေးမယ်ဆိုရင် ဆံသားက အညစ်အကြေးတွေကို ဖယ်ရှားပေးရုံသာမက ဆံသားတွေကိုလည်း နူးညံ့ဖြောင့်စင်းလာစေပါတယ်။ ရေ (၂) ခွက်ထဲကို ပန်းသီးအရက်ဗင်နီဂါ စားပွဲတင်ဇွန်း (၃) ဇွန်းထည့်ပြီး ရောစပ်ပေးပါ။ အပျော့စားခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးသွားရင် အခုနက ရောနှောထားတဲ့ ပန်းသီးအရက်ဗင်နီဂါအရည်နဲ့ လျှော်ထားတဲ့ဆံပင်ကို ရေဆေးချပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် ဒီနည်းကို လုပ်ပေးမယ်ဆိုရင် သင့်ဆံသားတွေ ဖြောင့်စင်းလာပါလိမ့်မယ်။

အုန်းနို့၊ ပြောင်းဖူးမှုန့်တို့နဲ့ ဆံသားပေါင်းတင်နည်း

အုန်းနို့ရည်ကလည်း သင့်ခန္ဓာကိုယ်အတွက်ရော သင့်ဆံသားအတွက်ရော ကောင်းကျိုးတွေပေးပါတယ်။ အုန်းနို့ရည်အနည်းငယ်ကို ပြောင်းဖူးမှုန့်နဲ့ ရောစပ်လိုက်ပြီး ပေါင်းဆေးအဖြစ်အသုံးပြုမယ်ဆိုရင် သင့်ဆံသားကို ဖြောင့်စင်းအောင် ကူညီပေးပါလိမ့်မယ်။ အုန်းနို့ရည်အနည်းငယ်ကို ပြောင်းဖူးမှုန့် စားပွဲတင်ဇွန်း (၂) ဇွန်းနဲ့ ရောစပ်ပေးလိုက်ပြီးတာနဲ့ ဆံသားမှာ သုတ်လိမ်းလိုက်ပါ။ အချိန် (၁) နာရီလောက် ပေါင်းတင်ပြီးတာနဲ့ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုပြီးတာနဲ့ သင့်ဆံသားရဲ့ရလဒ်ကို မြင်တွေ့ရပါလိမ့်မယ်နော်။

Ref: Ways to straighten your hair naturally

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top