ဆောင်းတွင်းမှာ အနွေးဓာတ်ပေးမယ့် အော်ဂဲနစ် ဆေးနည်းကောင်းများ

hh1.jpg

ရန်ကုန်ဆောင်းက မပီပြင်ဘူး ဆိုပေမဲ့ နယ်ဘက်တွေမှာတော့ အချမ်းဓာတ်က သိသိသာသာ ပိုပါတယ်။ အထူးသဖြင့် မြန်မာပြည် မြောက်ဖျားပိုင်း ဒေသခံတွေက ဆောင်းရဲ့ဒဏ်ကို ပိုပြီး ခံစားကြရပါတယ်။ အအေးဓာတ် ပိုကဲတဲ့ ဒေသမှာ နေထိုင်သူတွေနဲ့ အအေးဒဏ်ကို ခံနိုင်ရည် မရှိသူတွေအတွက် ကိုယ်အနွေးဓာတ် ပိုတိုးစေမယ့် ဆေးနည်းကောင်းတွေ ပြောပြချင်ပါတယ်။

အရှေ့တိုင်းသားတွေ အသုံးများတဲ့ ဆေးနည်းကောင်းကတော့ လိမ္မော်သီး မီးကင် ဖြစ်ပါတယ်။ လည်ချောင်းနာတဲ့အခါ ဒါမှမဟုတ် ဖျားချင်သလို ခံစားနေရတဲ့အခါ လိမ္မော်သီးမီးကင်ကို စားပေးသင့်ပါတယ်။ လိမ္မော်သီးမှည့်ကို အလယ်တည့်တည့်ကနေ တုတ်ထိုးပြီး မီးဖိုပေါ်မှာ ၅ မိနစ်လောက် ကင်ပေးရပါမယ်။ အကျက်ညီလောက်ပြီလို့ ထင်တဲ့အခါ စားသုံးလို့ ရပါပြီ။

နောက်ထပ် ဆေးနည်းကောင်းလေးကတော့ ဂျင်း၊ ကြက်သွန်ဖြူ ရေနွေးကြမ်းပါပဲ။ သာမန် အအေးမိတာလောက်ကို ကုသပေးနိုင်ပြီး လည်ချောင်းနာခြင်း ကင်းဝေးစေသလို ကိုယ်အနွေးဓာတ်လေး ပေးပါတယ်။ ရေနွေးပူပူထဲမှာ ဂျင်း ၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီးသား ထည့်ပြီး ပျားရည် တစ်ဇွန်း ထည့်လိုက်မယ်ဆိုရင် အရသာပြင်းတဲ့ ရေနွေးကြမ်းတစ်ခွက် ရပါပြီ။

ဆောင်းတွင်းဘက်မှာ အဖြစ်များတဲ့ လည်ချောင်းနာခြင်းကို ကင်းရှင်းစေပြီး ပိုးသတ်ပေးတဲ့ ဆေးနည်းကောင်းကတော့ အားလုံးသိကြတဲ့ ဆားပြုတ်ရည်ပါ။ ရေနွေးကြက်သီးနွေးထဲမှာ ဆားထည့်ပြီး တစ်နေ့ ၂ ကြိမ် ဆားပြုတ်ရည် ငုံပေးမယ်ဆိုရင် ခံတွင်းလည်းရှင်း လည်ချောင်းနာလည်း ပျောက်ပါတယ်။

ဆောင်းတွင်းဘက်မှာ ဗီတာမင် C လုံလုံလောက်လောက် စားသုံးပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း ၊ဟင်းနုနွယ် ၊ ခရမ်းချဉ်သီး ၊ လိမ္မော်သီး ၊ စတော်ဘယ်ရီ တို့ကို များများစားသုံးပေးရပါမယ်။

အပေါ်မှာ ပြောပြေပေးခဲ့တဲ့ နည်းလမ်းကောင်းအပြင် နွေးနွေးထွေးထွေး ရှိမယ့် အဝတ်အစား ဝတ်ဖို့ကလည်း အရေးကြီးပါတယ်။ ခြေလက်လေးတွေ နွေးနေမယ်ဆိုရင် အချမ်းဓာတ်က သိသိသာသာ လျော့သွားမှာ ဖြစ်ပါတယ်။

ဆောင်းတွင်းမှာ ဘယ်လိုပင် ချမ်းချမ်း နွေးနွေးထွေးထွေး ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း

Reference: blinkd “Quick organice remedies to keep you warm this winter”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top