လူစားလဲဖို့ ငြင်းဆန်ခဲ့တဲ့ ကက်ပါကို တစ်ပတ်လုပ်ခ ဒဏ်ရိုက်လိုက်တဲ့ ချဲလ်ဆီး

ss7.jpg

ချဲလ်ဆီးအသင်းဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လူစားလဲပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဂိုးသမား ကက်ပါကို တစ်ပတ်လုပ်ခ ဒဏ်ရိုက်လိုက်ပါတယ်။ ချဲလ်ဆီးနည်းပြ ဆာရီက ကက်ပါနေရာမှာ ကာဘယ်လာရိုကို အစားထိုးထည့်သွင်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ ကက်ပါက ထွက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နည်းပြဆာရီ ဒေါသထွက်ခဲ့ပါတယ်။

ကက်ပါဟာ ချဲလ်ဆီးအသင်း အဝတ်လဲခန်းထဲမှာ ကာဘယ်လာရိုနဲ့ စကားများခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အခုအခါမှာ ချဲလ်ဆီးက ကက်ပါကို တစ်ပတ်လုပ်ခ ဒဏ်ရိုက်ပြီး ကက်ပါကလည်း သူ့အမှားအတွက် တောင်းပန်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မန်စီးတီးက ပင်နယ်တီအဆုံးအဖြတ် (၄-၃) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top