ချဲလ်ဆီးအသင်းမှာ ဒဏ်ကြေးအများဆုံး အရိုက်ခံရတဲ့ ကစားသမား

s5.jpg

ချဲလ်ဆီးအသင်းမှာ ဘယ်ကစားသမားက ဒဏ်ကြေးအများဆုံး ရိုက်ခံရလဲလို့ Soccer AM သတင်းဌာနက ဆက်သွယ်မေးမြန်းချိန်မှာ တောင်ပံကစားသမား လိုတက်ဖ်ချိခ်နဲ့ ဟက်ဆန်အိုဒိုရီတို့က အံ့အားသင့်စရာအဖြေတစ်ခု ပေးခဲ့ပါတယ်။

ကွင်းလယ်လူ ကန်တီက ဒဏ်ကြေးအများဆုံး အရိုက်ခံရသူပါတဲ့။ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကန်တီဟာ သက်လုံကောင်းကောင်းနဲ့ တစ်ကွင်းလုံး လိုက်ပါကစားနိုင်သူအဖြစ် လူသိများပါတယ်။ ဒါ့အပြင် မာနမကြီးသူ၊ နှစ်လိုဖွယ်ကောင်းသူ၊ ရိုးရိုးရှင်းရှင်း နေထိုင်သူ၊ ရိုးသားသူလို့ သတ်မှတ်ခံထားရသူပါ။ ဒါပေမဲ့ ကန်တီဟာ အချိန်စီမံခန့်ခွဲမှုပိုင်းမှာတော့ ပြဿနာရှိနေသလိုပါပဲ။ ကန်တီက အမြဲတမ်းနောက်ကျတတ်တယ်လို့ ဟက်ဆန်အိုဒိုရီက ပြောပါတယ်။ ”သူက အရမ်းနောက်ကျတာတော့ မဟုတ်ဘူး။ ပုံမှန်အတိုင်းဆိုရင် စောလာရမှာလေ။ သူကတော့ အမြဲတမ်း တစ်မိနစ်၊ နှစ်မိနစ်လောက် နောက်ကျတတ်တယ်။ ဒါမှမဟုတ်ရင် အချိန်မီတယ်ဆိုရုံလေး ရောက်လာတတ်သူပါ”လို့ လိုတက်ဖ်ချိခ်က ပြောပါတယ်။

Nz (ရိုးရာလေး)

(Unicode)

ခ်ဲလ္ဆီးအသင္းမွာ ဒဏ္ေၾကးအမ်ားဆုံး အ႐ုိက္ခံရတဲ့ ကစားသမား

ခ်ဲလ္ဆီးအသင္းမွာ ဘယ္ကစားသမားက ဒဏ္ေၾကးအမ်ားဆုံး ႐ုိက္ခံရလဲလုိ႔ Soccer AM သတင္းဌာနက ဆက္သြယ္ေမးျမန္းခ်ိန္မွာ ေတာင္ပံကစားသမား လုိတက္ဖ္ခ်ိခ္နဲ႔ ဟက္ဆန္အုိဒုိရီတုိ႔က အံ့အားသင့္စရာအေျဖတစ္ခု ေပးခဲ့ပါတယ္။

ကြင္းလယ္လူ ကန္တီက ဒဏ္ေၾကးအမ်ားဆုံး အ႐ုိက္ခံရသူပါတဲ့။ ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္လူ ကန္တီဟာ သက္လုံေကာင္းေကာင္းနဲ႔ တစ္ကြင္းလုံး လုိက္ပါကစားႏုိင္သူအျဖစ္ လူသိမ်ားပါတယ္။ ဒါ့အျပင္ မာနမႀကီးသူ၊ ႏွစ္လုိဖြယ္ေကာင္းသူ၊ ႐ုိး႐ုိးရွင္းရွင္း ေနထုိင္သူ၊ ႐ုိးသားသူလုိ႔ သတ္မွတ္ခံထားရသူပါ။ ဒါေပမဲ့ ကန္တီဟာ အခ်ိန္စီမံခန္႔ခြဲမႈပုိင္းမွာေတာ့ ျပႆနာရွိေနသလုိပါပဲ။ ကန္တီက အၿမဲတမ္းေနာက္က်တတ္တယ္လုိ႔ ဟက္ဆန္အုိဒုိရီက ေျပာပါတယ္။ ”သူက အရမ္းေနာက္က်တာေတာ့ မဟုတ္ဘူး။ ပုံမွန္အတုိင္းဆုိရင္ ေစာလာရမွာေလ။ သူကေတာ့ အၿမဲတမ္း တစ္မိနစ္၊ ႏွစ္မိနစ္ေလာက္ ေနာက္က်တတ္တယ္။ ဒါမွမဟုတ္ရင္ အခ်ိန္မီတယ္ဆုိ႐ုံေလး ေရာက္လာတတ္သူပါ”လုိ႔ လုိတက္ဖ္ခ်ိခ္က ေျပာပါတယ္။

Nz (႐ိုးရာေလး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top