အမျိုးသား ဘောလုံးသမားများကို အရူးလုပ်သွားနိုင်တဲ့ အမျိုးသမီး ဘောလုံးသမားများ

ဘရာဇီးနိုင်ငံမှ အတော်ဆုံး အလွတ်တန်း ဘောလုံးအားကစား (Freestyle Football sport) မှ အတော်ဆုံး အမျိုးသမီး ဖြစ်သူ Raquel နဲ့ Freestyle World Cup ကမ္ဘာ့ဖလားမှာ 1st runner up ဆု ရရှိထားဖူးတဲ့ ပြင်သစ်နိုင်ငံမှ အမျိုးသမီး Alice တို့ဟာ အမျိုးသား ဘောလုံး အားကစားသမားများကို အကွက်ချ စီစဉ်ပြီး အရူးလုပ်ခဲ့ ပါတယ်။

Maxman အမည်ရ တီဗီ ချယ်နယ်ကနေပြီးတော့ သူမတို့ နှစ်ဦးဟာ သာမန်လို ဝတ်စားစေပါတယ်။ Alice ကို အဖွားအိုပုံစံ ဝတ်စေပြီး Raquel ကို အလှမက်တဲ့ ခပ်ပေါ့ပေါ့ပါးပါး မိန်းကလေး တစ်ယောက်လို ဝတ်စားစေပါတယ်။ ပြီးတော့ အမျိုးသား ဘောလုံး အားကစားသမားများ လေ့ကျင့်နေတဲ့ ကွင်းတစ်ခုကို သွားရောက်စေပါတယ်။ Freestyle football ဆိုတာ သာမန်ဘောလုံး အားကစားနဲ့ မတူပါဘူး။ အရွယ်ကျဉ်းတဲ့ အားကစားကွင်းထဲမှာ ဆော့ရတဲ့ ဘောလုံး အားကစား တစ်မျိုး ဖြစ်ပါတယ်။

အမျိုးသားများ ဆော့နေချန် Rauquel ကနေပြီးတော့ ဝင်ကန်ချင်ကြောင့် ခွင့်ပြုပါလို့ တောင်းဆိုပါတယ်။ အမျိုးသားများက ဝင်ခွင့်တော့ ပေးလိုက်ပေမယ့် ဘောလုံး မပေးပါဘူး။ နောက်တော့ အဖွားပါ ဝင်လာပြီး နှစ်ယောက်သား ဆော့ပြတဲ့အခါ ဘောလုံးဟာ အမျိုးသားတို့ ခြေထောက်အောက်မှာတောင် မရှိတော့ပါဘူး။ ဂိုးပေါင်း မြောက်များစွာသွင်းပြီး အကွက်များ ပြသခဲ့ရာ ကွင်းပတ်လည် ကြည့်နေသူများအတွက် ရင်သပ် ရှုမောဖွယ် ဖြစ်စေခဲ့ပါတယ်။

၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲက အမေရိကန်နိုင်ငံမှာ သမိုင်းတစ်လျှောက် တီဗီကနေ လူကြည့် အများဆုံး အားကစားပွဲ တစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ သို့သည့်တိုင် အမျိုးသမီး အားကစားသမားများရဲ့ လစာ ဝင်ငွေနဲ့ မီဒီယာများရဲ့ ဖော်ပြခံရမှုဟာ အင်မတန် နည်းပါတယ်။ တကယ်တန်းကျတော့ အမျိုးသမီး ဘောလုံး သမားများဟာလည်း လစာ တိုးရသင့်ကြောင်း၊ တကယ်လည်း သာမန် အမျိုးသား ဘောလုံး အားကစားသမားများထပ် သာလွန်ကြောင်းကို Prank video တစ်ခုနဲ့ သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။

ယင်း ဗီဒီယိုကြောင့်မို့ ကမ္ဘာအရပ်ရပ် ဘောလုံး အားကစားဆိုင်ရာ အဖွဲ့အစည်းများကိုလည်း အမျိုးသမီးများထပ် အခွင့်အရေးများ ပိုတိုးလာစေဖို့ တွေးမြင်စရာ ဖြစ်စေခဲ့ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top