အသက် ၂၅ နှစ်မပြည့်ခင်မှာ မီလျံနာဖြစ်နေကြသူလေးများ

12224145_1646500322286561_560677703_n.jpg

ကိုယ့်ရဲ့ဘဏ်အကောင့်မှာ အမေရိကန်ဒေါ်လာ ဂဏန်း ၇ လုံး (ဒေါ်လာ ၁ သန်း) လောက်ရှိနေရင်ကိုပဲ သင့်ဟာ ကြွယ်ဝသူတစ်ယောက်ဖြစ်နေပါပြီ။ အခုဒီမှာတော့ ဒီလိုကြွယ်ဝမှုမျိုးကို အသက် ၂၅ နှစ်မပြည့်ခင်မှာရရှိနေတဲ့ လူငယ် ၁၀ ယောက်ကို ရိုးရာလေး ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁၀။ ရိုင်ယန် (ToysReview)
အသက် ၇ နှစ်

ရိုင်ယန်ဆိုတာကတော့ ကလေးကစားအရုပ်တွေကို ပြန်လည်သုံးသပ်တဲ့ ဗီဒီယိုလေးတွေ ရိုက်ကူးနေတဲ့ ကလေးတစ်ယောက်ပါ။ ရိုင်ယန်ရဲ့ Youtube Channel ဖြစ်တဲ့ Ryan ToysReview ဟာဆိုရင် ကမ္ဘာ့ပေါ်မှာ ဒုတိယလူကြည့်အများဆုံး Youtube Channel တစ်ခုဖြစ်ပြီး ဒီ Channel မှရတဲ့ ကြော်ငြာခတွေက တစ်လကို ဒေါ်လာ ၁ သန်းကျော်အထိရှိပါတယ်။

၉။ မက်တီဘီရက် (MattyBRaps)
အသက် ၁၄ နှစ်

အမေရိကန်အဆိုတော် တစ်ဦးဖြစ်ပြီး Youtube ပေါ်မှာ နာမည်ကြီးသီချင်းများကို Remix လုပ်ပြီး ပြန်တင်လေ့ရှိတဲ့ မက်တီဟာ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ဂီတလမ်းပေါ် စတင်လျှောက်ခဲ့တာ ဖြစ်ပြီး ၄ နှစ်အကြာမှာတော့ သူ့ရဲ့ Youtube Channel ကို ကြည့်ရှုမှုပေါင်း ၁ ဘီလီယံ အထိရှိခဲ့ပါတယ်။ နာမည်ရင်း မက်သရူးဒေးဗစ် မောရစ် (Matthew David Morris) ဟာ လည်း ကြော်ငြာခတွေနဲ့ သန်းချီ ချမ်းသာနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

၈။  ရက်စ် ဆေလ်ဖ် ဘယ်ဟာဆာ
အသက် = ၁၅ နှစ်

Youtube နဲ့ Instagram တို့မှာ ပိုက်ဆံရှိသူဌေးသားလေးဆိုပြီး လူသိများတဲ့ ဆေလ်ဖ် ဘယ်ဟာဆာ ဟာ  ဒေါ်လာ ၂.၁ ဘီလီယံခန့် ကြွယ်ဝတဲ့ ဒူဘိုင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးရဲ့သားလည်းဖြစ်ပါတယ်။ ဘယ်ဟာဆာ ဟာ သူ့ရဲ့ ကားအမျိုးစားကောင်းများကို နှစ်သက်မှုကြောင့် နာမည်ကြီးပြီး သူ့မှာ ပြိုင်ကားအစုံရှိပေမဲ့ အသက်မပြည့်သေးတဲ့အတွက် ဒရိုင်ဘာလိုင်စင်တော့ မရသေးပါဘူး။

၇။ နစ် ဂျိုနာ
အသက် ၂၅ နှစ်

အမေရိကန်အဆိုတော်၊ သရုပ်ဆောင်၊ သီချင်းရေးဆရာ ဖြစ်တဲ့ နစ်ဂျိုနာဟာ ဂျိုနာ ညီအစ်ကို ၃ ယောက်တည်းက တစ်ယောက်ဖြစ်ပြီး အသက်ငယ်ငယ်ကတည်းက သရုပ်ဆောင်ခဲ့တာကြောင့် အနုပညာကြေးများနဲ့ ချမ်းသာနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

၆။ နစ် ဒီအဲလိုစီရို (Nick D’aloisio)
အသက် (၂၁) နှစ်

နစ် ဒီအဲလိုစီရို ဟာ သူတီထွင်ထားတဲ့ App တစ်ခုဖြစ်တဲ့ Summly ကြောင့် လူသိများလာသူတစ်ယောက်ဖြစ်ပြီး  Summly ဟာ သတင်းများနဲ့ ပွဲစဉ်အချိန်တွေအကြောင်းကို အကျဉ်းချုပ်ပေးထားပြီး အသုံးပြုသူတွေကို အချိန်ကုန်သက်သာစေရန် တီထွင်ထားတဲ့ App တစ်ခု ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်ဖွားဖြစ်တဲ့ နစ် ဒီအဲလိုစီရို ဟာ ၂၀၁၃ ခုနှစ်မှာ သူတီထွင်ထားတဲ့ Summly App ကို Yahoo သို့ ဒေါ်လာ သန်း ၃၀ ခန့်နဲ့ ရောင်းချခဲ့တဲ့အတွက် အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်မီလီယံနာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၅။ ရီကို ရိုဒရီဂွက်ဇ်
အသက် ၁၉ နှစ်

ရီကိုဟာ အမေရိကန် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အသက် ၈ နှစ်အရွယ်ကတည်းက စတင် သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အစပိုင်းမှာ ရုပ်ရှင်နည်းနည်းမှာပဲ သရုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ Modern Family ဆိုတဲ့ TV Show တစ်ခုမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့အတွက် ငွေကြေးချမ်းသာတဲ့ ဆယ်ကျော်သက်တစ်ဦး အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

၄။ တန်နာ ဖောက်
အသက် ၁၇ နှစ်

တန်နာ ဖောက် ဟာ ဆိုင်ကယ်အပေါ့စား စကူတာလေးများကို စီးနင်းပြတဲ့ ဗီဒီယိုတွေကြောင့် Youtube မှာ နာမည်ကျော်တစ်ဦး ဖြစ်နေသူပါ။ သူ့ရဲ့ Youtube Channel မှာဆိုရင် စောင့်ကြည့်သူ ၆ သန်းခန့်ရှိပြီး Instagram မှာလည်း Follower  ၃.၁ သန်းကျော်ရှိသူတစ်ယောက်ဖြစ်ပါတယ်။

၃။ မာခ် သော့မတ်စ်
အသက် ၁၆ နှစ်

ဗီဒီယိုတွေတင်ခြင်း၊ စာပို့ခြင်းနဲ့ live  လွှင့်လို့ရတဲ့ musical.ly ဆိုတဲ့တရုတ် ဗီဒီယိုဆိုရှယ်မီဒီယာ Musical.ly ၊ YouNow နဲ့ Instagram တို့မှာ နာမည်ကျော်တစ်ဦးဖြစ်တဲ့ မာခ် သော့မတ်စ်ဟာ musical.ly မှာ Follower ၄.၇ သန်းကျော်ရှိပြီး Instagram မှာ ၂.၉ သန်းကျော်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

၂။ ဂျက်ကော့ ဆာတိုရီးယပ်စ်
အသက် ၁၅ နှစ်

အမေရိကန် ကလေးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျက်ကော့ ဟာ ဆိုရှယ်မီဒီယာတွေမှာ အဆိုတော်တွေရဲ့ သီချင်းတွေကို အသံကိုက်နှုတ်ခမ်းလှုပ်ပြီး ဆိုရတဲ့ဗီဒီယိုတွေ တင်ရာမှ နာမည်ကြီးလာသူတစ်ယောက်ဖြစ်ပြီး သူဟာ အသက် ၄ နှစ်လောက်ကတည်းက မွေးစားမိဘတွေနဲ့ နေထိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျက်ကော့ သူ့ရဲ့ ပထမဆုံး ဗီဒီယိုကို သူအသက် ၁၁ နှစ်ကတည်းက Vine မှာ တင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၁။ဗာလန်တီနာ ပာလိုမာ ပီနော့(Valentina Paloma Pinault)
အသက် ၁၀ နှစ်

မက်ဆီကန် အမေရိကန် နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Salma Hayek ရဲ့ သမီးဖြစ်သူ ဗာလန်တီနာ ဟာ သူမငယ်ရွယ်စဉ်ကတည်းကပဲ ဒေါ်လာ ၁၂ သန်းတန် ရဲတိုက်တစ်ခုကို ပိုင်ဆိုင်တဲ့အတွက် နာမည်ကြီးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လူမို (ရိုးရာလေး)

Ref :Brightside Knowledge : 10 Young People Were All Millionaires

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top