ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ဖက်ရှင်ဒီဇိုင်နာ ကိတ်စပိတ်ဒ်

kate-spade-dead.jpg

နယူးယော့ခ်မြို့ရဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ကိတ် စပေ့ဒ်  (Kate Spade) တစ်ယောက်တော့ နေအိမ်တိုက်ခန်းမှာ လည်စည်းပုဝါ သုံးပြီး ကြိုးဆွဲချ သေဆုံးသွားခဲ့ပါပြီ။ သေဆုံးနေတဲ့ ကိတ် ရဲ့ အလောင်းကို အိမ်သန့်ရှင်းရေး အမျိုးသမီးက ပါ့ခ်ရိပ်သာလမ်းမှာရှိတဲ့ တိုက်ခန်းမှာ တွေ့ခဲ့တာပါ။ ရဲတွေကတော့ ဆွဲကြိုးချသေဆုံးတာ သိသာထင်ရှားပါတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကိတ် သေဆုံးပြီးချိန်မှာ ဘေးမှာ စာတိုကလေးရေးခဲ့ပါတယ်။ စာထဲမှာ ဘာရေးထားခဲ့လဲဆိုတာ ရဲတွေကတော့ မပြောပါဘူး။ သမီးလေးနဲ့ ခင်ပွန်းသည်တို့ကို ရည်ညွှန်းရေးထား တာပါလို့တော့ သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ သူမရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ မေးမြန်းခြင်း မပြုလုပ်ဖို့တော့ မိသားစုဝင်တွေက တောင်းဆိုခဲ့ပါတယ်။

ဖက်ရှင်မဂ္ဂဇင်း Mademoiselle ကို တည်းဖြတ်ခဲ့တဲ့ ကိတ်က အဝတ်အစား၊ ဖိနပ်၊ လက်ဝတ်ရတာနာ ဒီဇိုင်နာတစ်ယောက်ဖြစ်သလို သူဖန်တီးတဲ့ အဆင်တန်ဆာလိုင်းလေးတွေကြောင့် လူကြိုက်များပါတယ်။

ခင်ပွန်းဖြစ်သူ အန်ဒီစပေ့ဒ်နဲ့ ပူးပေါင်းပြီး ၁၉၉၃ မှာ ကိတ်စပေ့ဒ် လက်ကိုင်အိတ်တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
အကောင်းဆုံးသော လက်ကိုင်အိတ်တွေကို ဒီဇိုင်းလုပ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ထောင်ထားတဲ့ Kate Spade Handbags ဆိုင်ကို ၁၉၉၆ ခုနှစ်က နယူးယော့ခ်မှာ ပထမဆုံး ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အခုဆို ကမ္ဘာ့အနှံ့မှာ ဆိုင်ခွဲပေါင်း ၃၀၀ ရှိနေပါပြီ။

အမေရိကန် ဖက်ရှင်လောကမှာ တိုင်းဆလို့မရနိုင်လောက်အောင် အကျိုးပြုခဲ့သူဖြစ်သလို အမေရိကန် အသုံးအဆောင်တွေအပေါ် ကမ္ဘာကမြင်တဲ့ အမြင်ကို တုံ့ပြန်မှု ကောင်းလောက်အောင် အရည်အချင်းပြည့်ဝသူတစ်ယောက်ကို အစောကြီး ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့သေဆုံးမှုက ဖောက်သည်တွေနဲ့ ပရိသတ်တွေကြား ဝမ်းနည်း ပူဆွေးမှုတွေရှိလာစေသလို အထူးသဖြင့် ချယ်ဆီးကလင်တန် နဲ့ အီဗန်ကာထရမ့် တို့လို နာမည်ကြီးတွေကလည်း ဝမ်းနည်းပူဆွေးကြောင်းပြောကြားခဲ့ကြပါတယ်။

အသက် ၅၅ နှစ်အရွယ်နဲ့ ဘဝကို အရှုံးပေးသွားတဲ့ ကိတ်လို နာမည်ကြီးတွေရှိသလို အရွယ်ကောင်းချိန်မှာ ဘဝကို စတေးပြီး သေကြောင်းကြံခဲ့တဲ့ အနုပညာရှင်တွေ များပြားလာပါပြီ။ အောင်မြင်သူတွေက အပြင်ပန်းအရတော့ အရာအားလုံး ပိုင်ဆိုင်ထားလို့ ပျော်နေတယ်ထင်ရပေမဲ့ အတွင်းစိတ်မှာတော့ ဘာတွေ ဖြစ်ပျက်နေလည်း ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူးဆိုတာ ကိတ်ရဲ့ အဖြစ်က သက်သေပြနေပါတယ်။

Ref: CNN “Kate Spade, fashion designer, found dead in apparent suicide”

Alice May( ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top