ဖေဖော်ဝါရီလကုန်ကျရင် ဗီယက်နမ်နိုင်ငံမှာ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးကျင်းပမယ့် ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်

51620208_2232831946747713_6215664073632120832_n.jpg

ဖေဖော်ဝါရီလကုန်ကျရင် ဗီယက်နမ်နိုင်ငံမှာ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးကျင်းပမယ့် ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်

ဖေဖော်ဝါရီလ ၂၇၊ ၂၈ ရက်နေ့တွေကျရင် ဗီယက်နမ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒါဟာ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်ကြား ဒုတိယမြောက်ထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ဖူးပါတယ်။

အဲဒီနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးနဲ့ပတ်သက်ပြီး တိုးတက်မှု များများစားစားမတွေ့ရပေမဲ့ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်မလုပ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့အင်္ဂါနေ့က ပြည်ထောင်စုအဆင့် လွှတ်တော်မိန့်ခွန်းပြောကြားမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယမြောက်ထိပ်သီးအစည်းအဝေးလုပ်မယ့်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

”ထိပ်သီးအစည်းအဝေးအတွက် လုပ်စရာတော်တော်များများရှိနေသေးပေမဲ့ ကင်ဂျုံအန်နဲ့ ကျွန်တော့်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ၈၂ မိနစ် ကြာမြင့်တဲ့ မိန့်ခွန်းပြောကြားမှုမှာ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုရှိဖို့တိုက်တွန်းခဲ့ပြီး မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်သွားမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top