အသက်ကြီးမှ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ ဖူးစာစုံတဲ့ သူတို့နှစ်ဦး

20.1.2025-yyl-6.jpg

အသက် ၈၁ နှစ်အရွယ် မိုလီ တီအိုနဲ့ အသက် ၆၆ နှစ်အရွယ် ရစ်ချက် ဝမ်တို့ဟာ မလေးရှားနိုင်ငံ၊ ဆာရာဝပ်နယ်က အမျိုးသားမှတ်ပုံတင်ဌာနရုံးမှာ အခုလအစောပိုင်းက လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ကူချင်းမြို့ရှိ Rumah Seri Kenangan သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ လွန်ခဲ့တဲ့ ၁ နှစ်ကမှ တွေ့ဆုံခဲ့ကြတာပါ။ မိုလီက စင်တာမှာ ၂၀၀၅ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ရစ်ချက်ကတော့ ၂၀၂၃ ခုနှစ်ကမှ စင်တာမှာ နေထိုင်ခဲ့တာပါ။

သူတို့နှစ်ယောက်လုံးရဲ့လက်တွဲဖော်တွေက ကျန်းမာရေးပြဿနာတွေကြောင့် သေဆုံးသွားခဲ့တာ ကြာပါပြီ။ အခုဆို မိုလီနဲ့ရစ်ချက်တို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာ ဖူးစာဆုံခဲ့ပါပြီ။ သူတို့လက်ထပ်တာကို ဆာရာဝပ်ပြည်နယ်ဝန်ကြီး၊ အမျိုးသားမှတ်ပုံတင်ဌာနညွှန်ကြားရေးမှူးနဲ့သူတို့ရဲ့နီးစပ်တဲ့မိသားစုဝင်တွေက အသိသက်သေလုပ်ပေးခဲ့ကြတာပါ။ ရစ်ချက်က မိုလီရဲ့ပွင်းလင်းတဲ့ပင်ကိုယ်စရိုက်ကြောင့် စိတ်ဝင်စားခဲ့တာဖြစ်ပြီး မိုလီကတော့ ရစ်ချက်ရဲ့ဆင်ခြင်တုံတရားနဲ့ နူးညညံ့သိမ်မွေ့တဲ့အမူအရာတွေကြောင့် သဘောကျခဲ့တာပါ။

မိုလီနဲ့ ရစ်ချက်တို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာမှာပဲ အတူနေထိုင်သွားမှာဖြစ်ပါတယ်။

Ref: 81-Yr-Old M’sian Woman Marries 66-Yr-Old Man She Met At Elderly Care Centre

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top