၁၀ မီတာ ရှည်လျားတဲ့ တောင်စောင်းတစ်လျှောက် လောင်ကျွမ်းနေတဲ့ မီးက နှစ် ၄၀၀၀ ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံမှာ ယာနာဒက်(Yanar Dag)လို မီးလောင်နေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း ” မီးတို့ မြေ” လို့ ခေါ်ကြတာပါ။
အဇာဘိုင်ဂျန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ အရန်သိုက် ပေါများလွန်းပြီး တောင်စောင်းကနေ ဓာတ်ငွေ့စိမ့်ထွက်နေလို့ မီးလောင်ကျွမ်းနေတာ ဖြစ်ပါတယ်။ မိုးရွာရင်တောင် မီးမငြိမ်းဘူးလို့ ဆိုကြပါတယ်။ ၁၃ ရာစုတုန်းက ပိုးလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာခဲ့တဲ့ ဗင်းနစ်မြို့သား စူးစမ်းရှာဖွေသူ မာကိုပိုလိုကလည်း ဒီဖြစ်စဉ်အကြောင်းကို ထည့်သွင်းရေးသားခဲ့ဖူးပါတယ်။
NZ (ရိုးရာလေး)