ကျောင်းသား/သူတွေ အတန်းလာမတက်လို့ ကောလိပ်ကို (၂) နှစ်စာ လစာ ပြန်ပေးခဲ့တဲ့ ဆရာ

11-7-2022-33.jpg

အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ်က Nitishwar ကောလိပ်မှာ ဟိန္ဒီဘာသာစကားကို သင်ကြားပေးနေတဲ့ လက်ထောက်ပါမောက္ခလာလန် ကူမားဟာ သူ့ရဲ့ကျောင်းသား/သူတွေ အတန်းလာမတက်တာကြောင့် ကောလိပ်ကို (၂) နှစ်စာ လစာ ပြန်ပေးခဲ့ပြီး အခြားကောလိပ်ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုဆိုရင် လက်ထောက်ပါမောက္ခလာလန်က အခြားကောလိပ်ပြောင်းခွင့်ရဖို့ မျှော်လင့်နေပါတယ်။ ဆရာလာလန်က စာမသင်ရဘဲ လစာယူနေရတာကို လိပ်ပြာမလုံဘူးလို့ ပြောပါတယ်။ ကပ်ရောဂါအတွင်း အွန်လိုင်းကနေသင်တာတောင် ဟိန္ဒီအတန်းအတွက် ကျောင်းသား လက်တစ်ဆုပ်စာပဲရှိတယ်လို့သိရပါတယ်။

ဆရာလာလန် ပြန်ပေးတဲ့ ရူပီး ၂၃၈၀,၀၀၀ နဲ့တောင်းဆိုချက်ကို ကောလိပ်က ငြင်းပယ်ခဲ့ပါတယ်။ သူ့ရဲ့ပြောဆိုချက်တွေက တိကျမှန်ကန်မှုမရှိဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် အတန်းတွေပိတ်ထားရတာဖြစ်တယ်လို့ ကောလိပ်က ပြောပါတယ်။

“ကျွန်တော် အလုပ်ဝင်တဲ့အချိန်မှာ ကျွန်တော်ကို ဘွဲ့လွန်အတန်းသင်ကြားလို့ရတဲ့ ကောလိပ်ကို တာဝန်မပေးခဲ့ဘူး။ အဆင့်နိမ့်တဲ့သူတွေက အဲဒီရာထူးကို ရခဲ့ကြတယ်။ ဒီမှာတော့ ကျောင်းသားတွေက အတန်းလာမတက်ကြဘူး”လို့ ဆရာလာလန်က ပြောပါတယ်။

ကောလိပ်ပြောင်းရွှေ့စာရင်းမှာ သူ့နာမည်ကို တစ်ကြိမ်ထက်ပိုပြီး ဖယ်ထုတ်ထားခဲ့တယ်၊ သူ့ရဲ့တောင်းဆိုချက်ကို မလိုက်လျောရင် ဆန္ဒပြသွားမယ်လို့ ဆရာလာလန်က ဆိုပါတယ်။

ကောလိပ်ရဲ့ကျောင်းအုပ် မာနိုဂျ် ကူမားက လာလန်ရဲ့တောင်းဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။ လာလန်ရဲ့အတန်းတွေက ကျောင်းတတ်တဲ့နှုန်း သုညဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေက အခြေအမြစ်မရှိကြောင်း၊ (၂) နှစ်တာက ကပ်ရောဂါကြောင့် အတန်းတွေ ပိတ်ထားရတာဖြစ်ကြောင်း ကျောင်းအုပ် မာနိုဂျ်က ပြောပါတယ်။

ဆရာလာလန် အခြားကောလိပ်ပြောင်းရွှေ့ချင်ရင် သူ့ကို တိုက်ရိုက်ဆက်သွယ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။ Nitishwar ကောလိပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Babasaheb Bhimrao Ambedkar Bihar Universityရဲ့ ဒုတိယအဓိပတိ ပီကေ သာကူက ကျောင်းသားတက်ရောက်မှုမရှိဘူးဆိုတဲ့ ဆရာလာလန်ရဲ့ပြောဆိုချက်တွေကို စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Ladbible “Teacher Returns Two Years Salary After Students Fail To Show Up”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top