ယနေ့ ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့ World Youth Skills Day အထိမ်းအမှတ်အ​ဖြစ် မြန်မာလူငယ်များ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်

15.7.23-yyl-2-1.jpg

ပြီးမြောက်ခဲ့တဲ့ ၂၀၂၃ခုနှစ် အူရီဒူးအလုပ်သင်အစီအစဉ်မှ အလုပ်သင်လေးတွေရဲ့ အတွေ့အကြုံတွေ၊ စကားသံတွေနဲ့ မှတ်တမ်းဗီဒီယိုကို ပြန်လည်ဝေမျှလိုက်ပါတယ်။

အူရီဒူးမြန်မာမှ ပြည်တွင်းရှိလူငယ်များ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ရန်၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များအတွက် လုပ်ငန်းခွင်အတွေ့ကြုံများ ရရှိစေရန်နှင့် တိုးတက်ဖွံ့ဖြိုးနေသော ဆက်သွယ်ရေးလုပ်ငန်းခွင်တွင် ပြည်တွင်းမှ မျိုးဆက်သစ်များအား ပြုစုပျိုးထောင် ပေးရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွက် အလုပ်သင်အစီအစဉ်ကို ဇန်နဝါရီလတွင် စတင်မိတ်ဆက်ခဲ့ရာ လျှောက်ထားသူ ၇၀၀ နီးပါးရှိခဲ့သည်။

အလုပ်သင်များအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ပြီး မတ်လတွင် ပထမအသုတ်အဖြစ် အလုပ်သင် ၃၉ ဦး ကို HR၊ Marketing၊ BI & Analytics၊ B2B ၊ ဒစ်ဂျစ်တယ် အခန်းကဏ္ဍ ၊ ဘဏ္ဍာရေးနှင့် နည်းပညာပိုင်း အပါအဝင် ကဏ္ဍ မျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့သည်။

ထိုလူငယ်လေးများ၏ လုပ်ငန်းခွင်တွင်း လက်တွေ့လေ့လာရေးအစီအစဉ် ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် ဇွန်လ ၂၀ ရက်နေ့မှာ အူရီဒူးမြန်မာမှ အလုပ်သင် သင်တန်းဆင်းပွဲအခမ်းအနား Internship Graduation Ceremony 2023 ကျင်းပခဲ့ပြီး အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့သည်။ အလုပ်သင်များမှ ၂၆ ဦးကို အူရီဒူးမြန်မာမှ ၁နှစ်စာချုပ်ဖြင့် ဆက်လက်ခန့်အပ်ထားရှိသည်။

ဗီဒီယိုကိုကြည့်ရှုရန်

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply