အထူးသီးသန့် လုပ်ဆောင်ချက်များနှင့် အခြားသော Customized ဝန်ဆောင်မှုများအား ပါဝင်သည့် ViberPlus Premium Service အား Rakuten Viber မှ စတင်မိတ်ဆက်

29.9.23-yyl-5.jpg

ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့မှုနှင့် ဖုန်းခေါ်ဆိုမှု အက်ပလီကေးရှင်း Rakuten Viber သည် လစဉ်ကြေးပေးသွင်း၍ ရယူသွားနိုင်မည့် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါရှိသော ViberPlus ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်းမှ အသုံးပြုသူများ အနေနှင့် Rakuten Viber ၏ ပုံမှန်လုပ်ဆောင်ချက်များကိုလည်း အခမဲ့ ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည်။

Viber သည် လက်ရှိတွင်လည်း အသုံးပြုသူများ တစ်ဦးနှင့်တစ်ဦး လုံခြုံစိတ်ချမှု အပြည့်ဖြင့် အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်မည့် လုပ်‌ဆောင်ချက်များအား ပေးအပ်လျက်ရှိသည်။ ယခု အသစ်မိတ်ဆက်လိုက်သည့် ViberPlus ဝန်‌ဆောင်မှုအား ရယူအသုံးပြုသူများအနေနှင့်မူ ပိုမိုအဆင့်မြင့်မားသော Viber အသုံးပြုမှု အတွေ့အကြုံများအား ကြော်ငြာများမပါရှိပဲ အသုံးပြုသွားနိုင်တော့မည် ဖြစ်သည်။

ဝန်ဆောင်မှုရယူထားသူများအနေနှင့် Viber အသုံးပြုရာတွင် ကြော်ငြာများ မြင်တွေ့ရတော့မည် မဟုတ်သည့် အပြင် မိမိစိတ်တိုင်းကျ Icon ဒီဇိုင်းများအား ‌ရွေးချယ်အသုံးပြုနိုင်ခြင်း၊ Viber နှင့်ပတ်သက်သော အခက်အခဲ တစ်စုံတစ်ရာအတွက် အချိန်မရွေးဆက်သွယ်၍ Personalized 1-on-1 Support အကူအညီရယူနိုင်ခြင်း၊ Viber စတစ်ကာများအား အကန့်အသတ် မရှိ ရယူအသုံးပြုနိုင်ခြင်းစသည့် အထူးသီးသန့် လုပ်ဆောင်ချက်များအား ရရှိသွားနိုင်မည့်အပြင် အခြားသော အဆင့်မြှင့်တင်မှုများကိုလည်း မကြာမီအချိန်အတွင်း ထပ်မံ ထည့်သွင်းပေးသွားမည် ဖြစ်သည်။

ထို့အပြင် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံစိတ်ချရမှုနှင့် ဆက်သွယ်ချိတ်ဆက်မှုပိုင်းဆိုင်ရာများတွင် ပိုမို အဆင့်မြင့်မားလာစေရန်အတွက် Voice Messages (အသံဖိုင်များ) အား စာတိုအသွင် ပြောင်းလဲဖတ်ရှု နိုင်ခြင်းနှင့် ‘Invisible Mode’ လုပ်ဆောင်ချက်များလည်း ယခုဝန်ဆောင်မှု အသစ်တွင် ပါဝင်လာခဲ့သည်။ သို့ဖြစ်၍ ViberPlus ဝန်ဆောင်မှုအား ရယူအသုံးပြုသူများ အနေနှင့် ပေးပို့လာသည့် အသံဖိုင်များအား ဖွင့်၍နားထောင်ရန် အဆင်မပြေသည့် အနေအထားများတွင် စာတိုအသွင် ပြောင်းလဲဖတ်ရှုသွားနိုင်တော့မည် ဖြစ်သည်။

အသစ်ထည့်သွင်းပေးထားသည့် Invisible Mode လုပ်ဆောင်ချက်နှင့်အတူ အသုံးပြုသူ များအနေနှင့် ပေးပို့လာသူ မသိရှိစေပဲ စာတိုများအား ဖတ်ရှုနိုင်ခြင်း၊ အခြား Online ဖြစ်နေသူများအား မြင်တွေ့နိုင်သော်လည်း မိမိ Online ဖြစ်နေသည်ကို အခြားသူများ မသိရှိစေနိုင်ခြင်း အစရှိသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံစိတ်ချမှု အပြည့်အဝရှိစေမည့် လုပ်ဆောင်ချက်များကိုလည်း ရယူ အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ViberPlus Premium Service အား Viber App အတွင်းရှိ Explore session မှတစ်ဆင့် အလွယ်တကူ ဝင်ရောက်ရယူနိုင်ပါသည်။

ViberPlus ဝန်ဆောင်မှုတွင်လတ်တလော ရယူအသုံးပြုနိုင်မည့်လုပ်ဆောင်ချက်များမှာ-

No ads: Viber Application အား ကြော်ငြာများ မပါဝင်ပဲ အသုံးပြုသွားနိုင်ခြင်း

Voice Messages (အသံဖိုင်များ) အား စာတိုအသွင် ဖတ်ရှုနိုင်ခြင်း – ပေးပို့လာသော အသံဖိုင်များ အား စာတိုအသွင်ပြောင်းလဲဖတ်ရှုသွားနိုင်ခြင်း

Viber စတစ်ကာများများအား အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်း – အခပေး Viber Sticker Packs များအား အခမဲ့ Download ရယူအသုံးပြုသွားနိုင်ခြင်း

စိတ်တိုင်းကျ App Icon ဒီဇိုင်းများအား ရွေးချယ် အသုံးပြုနိုင်ခြင်း – မိုဘိုင်း သို့မဟုတ် Desktop Viber App ၏ Icon ဒီဇိုင်းအား Unicorn, night သို့မဟုတ် Sparkle-themed အစရှိသဖြင့် မိမိ စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ခြင်း

Live Support: မည်သည့်အချိန်အခါမဆို ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ကူညီမှုများအား ရယူသွားနိုင်မည့် Live Support Chat များ

Verification Badge: ဝန်ဆောင်မှုအား စာရင်းပေးသွင်း ရယူထားသူများသာ ရရှိနိုင်မည့် သီးသန့် Verification Badge

Invisible Mode: မိမိ အွန်လိုင်းရှိနေသည်ကို အခြားသူများ မသိရှိစေပဲ စာတိုပေးပို့မှုများကို ဖတ်ရှုနိုင်ခြင်း

လစဉ်ကြေး ပေးသွင်းထားသူများအနေနှင့် ယခု ဝန်ဆောင်မှုအသစ်အား Viber App ၏ ညာဖက်အောက်ခြေရှိ ‘More’ မှတဆင့် ဝင်ရောက်၍ ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်သည်။ စာတိုပေးပို့မှုနှင့် ဖုန်းခေါ်ဆိုမှု အစရှိသည့် ရှိနှင့်ပြီးသား လုပ်ဆောင်ချက်များကိုမူ အခမဲ့ ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည်။

“Viber အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ လုပ်ဆောင်ချက်အသစ်တွေကို ပေးအပ်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် တိုင်ပင်လုပ်ဆောင်နေပါတယ်။ အခု ViberPlus လုပ်ဆောင်ချက် အသစ်နဲ့အတူ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အနေနဲ့ အဆင့်အမြင့်မားဆုံးနဲ့ အရိုးရှင်းဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို ရရှိခံစားသွားနိုင်မှာ ဖြစ်တဲ့အပြင် ဆက်လက်ပြီးတော့လည်း ဒီထက်ပိုမို ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေကို ထပ်မံထည့်သွင်းပေးသွားနိုင်ဖို့ ရည်သန်လုပ်ဆောင်နေပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။

ဤ Premium Service ဝန်ဆောင်မှုအား ယခုလက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း ရှိနိုင်ငံအများအပြားတွင် ရယူအသုံးပြုနေနိုင်ပြီဖြစ်ကာ အခြားသောဒေသများသို့လည်း ထပ်မံ ဖြန့်ကျက်လျက် ရှိသည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top