“ညီအစ်မမြို့များဆက်သွယ်မှု” ပွဲတော်ကို ရန်ကုန်မြို့မှာ ကျင်းပမယ်

yyl-014-2.jpg

မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ တွေမှာ “ညီအစ်မမြို့များဆက်သွယ်မှု” မီးထွန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာအတွင်းမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖူကူအိုကာမြို့နိုင်ငံတကာရေးရာဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနခွဲ မှသိရပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေး အထိန်းအမှတ် “Fukuoka Fantasy” မီးထွန်းပွဲတော်ကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ဒီဇင်ဘာ (၇) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲတော်ရက်အတွင်းမှာ ပန်းခြံတစ်ခုလုံးကို အလှဆင် ညမီးတွေထွန်းညှိထားမှာဖြစ်တဲ့အပြင် ဂျပန်ရိုးရာတေးဂီ “Japan Marvelous” အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ ကူအိုကာရာမန်ခေါက်ဆွဲ (ဟာခတရာမန်) လို့ လူသိများတဲ့ ခေါက်ဆွဲပြုတ်၊ ဝက်ရိုးစွတ်ပြုတ်တွေကိုလည်း ရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်အရ ရန်ကုန်မြို့နဲ့ ဖူကူအိုကာမြို့တွေမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ကတည်းက ညီအစ်မမြို့တော်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top