သက်ကြီးရွယ်အို များနေတဲ့ ဂျပန်မှာ ကျောင်းသား/သူ မရှိလို့ စာသင်ကျောင်းတွေ ပိတ်ပစ်နေရ

31.3.2023-yyl-iamge-30.jpg

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို များပြားနေပြီး ကလေးမွေးဖွားနှုန်း ကျဆင်းနေကာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကျောင်းသား/သူ မရှိတော့လို့ ပိတ်ပစ်ရတဲ့ စာသင်ကျောင်းတွေ တစ်စထက်တစ်စ ပိုများလာပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း တန်အိတောင်တန်းဒေသမှာရှိတဲ့ ယူမိုတိုအလယ်တန်းကျောင်းမှာ ကျောင်းသား ၂ ယောက်ပဲ ကျန်ရှိတော့ပြီး စာသင်နှစ် နောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၃၁ ရက်နေ့လွန်ရင် ဒီကျောင်းကို ပိတ်ပစ်တော့မှာပါ။ ဒီကျောင်း သက်တမ်းက ၇၆ နှစ် ရှိပါပြီ။

၂၀၂၂ ခုနှစ်က ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း ၈ သိန်းအောက်ရောက်ခဲ့ပြီး စံချိန်တင် ကျဆင်းမှု ကြုံခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှာ စာသင်ကျောင်း ၄၅၀ နီးပါး ပိတ်နေရပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကြား ကာလအတွင်း ပိတ်ပစ်ခဲ့ရတဲ့ စာသင်ကျောင်း ၉၀၀၀ နီးပါး ရှိပါတယ်။

အထွေထွေကုန်ကျစရိတ် မြင့်တက်ပြီး ကလေးတွေကို ပြုစုပျိုးထောင်ဖို့ စရိတ်စက ကြီးမြင့်လာတာကြောင့် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေအပါအဝင် အာရှနိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံရဲ့အခြေအနေ သိသိသာသာ ဆိုးရွားနေတာပါ။

Ref: Last students graduate: School closures spread in ageing Japan

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top