ဂရမ်မီပွဲက အနုပညာရှင်တွေရဲ့ Red Carpet ဖက်ရှင်တွေအတိုင်း ပြန်လည်ဖန်တီးပြခဲ့တဲ့ (၄) နှစ်အရွယ် အမြွှာညီအစ်မ

beyonce-koti-garza-G-01-gty-ht-iwb-210316_1615925328680_hpMain_4x3_608.jpg

၂၀၂၁ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲကတော့ မတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ပြီးသွားခဲ့ပါပြီ။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေရဲ့အမိုက်စားဖက်ရှင်တွေဟာ ဥက္ကလာဟိုးမားပြည်နယ်က (၄) နှစ်အရွယ် ကိုတီ (Koti) နဲ့ ဟာဗန် (Haven) ဆိုတဲ့ အမြွှာညီအစ်မကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအမြွှာညီအစ်မက အဲဒီဖက်ရှင်တွေအတိုင်း ဝတ်ဆင်ဖန်တီးပြခဲ့ပါတယ်။ သူ့ရဲ့မိခင် အန်ဒရာ ဂါဇာ (Adrea Garza) ရဲ့အကူအညီနဲ့ နာမည်ကြီးအနုပညာရှင်များစွာလို ဝတ်ဆင်ခဲ့ပါတယ်။

အနုပညာရှင်တွေရဲ့ဂရမ်မီပွဲဖက်ရှင်တွေလို ဝတ်ဆင်ထားတဲ့ အမြွှာညီအစ်မရဲ့ပုံတွေကို TikTok နဲ့ အင်စတာဂရမ်တွေပေါ်မှာ တင်ပေးထားပါတယ်။ ဖက်ရှင်အမျိုးမျိုးဝတ်ဆင်ဖို့အတွက် တစ်ရက်လုံးအချိန်ယူခဲ့ရတယ်လို့ ဂါဇာက ပြောပါတယ်။ ကိုတီနဲ့ ဟာဗန်တို့တွေက ဖက်ရှင်ကို နှစ်သက်ကြတဲ့အပြင် သူ့မိခင်ရဲ့အဝတ်ဗီရိုထဲက အဝတ်တွေကို ဆွဲထုတ်ဝတ်ရတာလည်း ကြိုက်တယ်လို့ ဆိုပါတယ်။

ကိုတီက ဘီယွန်းစေး (Beyonce)၊ မီဂန် သီ စတေးလီယန် (Megan Thee Stallio) နဲ့ တေလာဆွစ် (Taylor Swift) တို့လို ဝတ်ဆင်ခဲ့ပါတယ်။ ဟာဗန်ကတော့ နိုအာ ဆိုင်ရက် (Noah Cyrus)၊ ဟယ်ရီ စတိုင်စ် (Harry Styles) နဲ့ လစ်ဇို (Lizzo) တို့လို ဖက်ရှင်အတိုင်း ဝတ်ဆင်ပြခဲ့ပါတယ်။

ကိုတီနဲ့ ဟာဗန်တို့ရဲ့ဖက်ရှင်စတိုင်တွေကို TikTok မှာ တင်ခဲ့ပြီး ကြည့်ရှုသူ (၁) သန်းရှိခဲ့တယ်လို့ ဂါဇာက ပြောပါတယ်။ ကိုတီနဲ့ ဟာဗန်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ် ထရန့် နဲ့ လက်ရှိအမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်တွေလို ဝတ်ဆင်ပြခဲ့တုန်းကလည်း လူမှုကွန်ယက်ပေါ်မှာ လူသိများသွားခဲ့ပါသေးတယ်။

ဂါဇာက သူနဲ့သူ့သမီးတွေဟာ အခုနှစ် အော်စကာဆုပေးပွဲရဲ့အမိုက်စားဖက်ရှင်တွေကိုလည်း ပြန်လည်ဖန်တီးပြသွားဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top