စပါးအသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက် တွေ့ရှိ

4-6-2020-yyl-006.jpg

အခုနောက်ဆုံး ထုတ်ပြန်တဲ့ ဆေးစစ်မှုမှတ်တမ်းတွေအရ စပါးအသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်ကစားနိုင်ရေး ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကစားသမားအားလုံးနဲ့ အသင်းအဖွဲ့ဝင်တွေကို စဉ်ဆက်မပြတ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မေလ ၁၇ ရက်က ဆေးစစ်မှု စတင်ခဲ့ပြီး အခုချိန်မှာ သုံးကျော့တိုင်တိုင် စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စစ်ဆေးမှု ၁၂၀၀ လောက် လုပ်ခဲ့တဲ့အနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက် တွေ့ရှိခဲ့တာပါ။ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူကို ၇ ရက်ကြာ သီးသန့်ခွဲခြားထားမှာပါ။ ပရီးမီးယားလိဂ်မှာ ရောဂါပိုးရှိသူ စုစုပေါင်း ၁၃ ယောက် တွေ့ရှိခဲ့တဲ့အနက် ၆ ယောက်ကတော့ မေလ ၁၇ ရက်နဲ့ ၁၈ ရက်ကြားကာလအတွင်း ပထမအသုတ်စစ်ဆေးမှုမှာ တွေ့ရှိခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top