နာမည်ကျော်ဆံသပညာရှင်ကို အိမ်ခေါ်ပြီး ဆံပင်ညှပ်တဲ့ ဒေါ့မွန်ကစားသမား ၆ ယောက် သတိပေးခံထားရ

4-6-2020-yyl-005.jpg

ဒေါ့မွန်ကစားသမား ၆ ယောက်ဟာ စည်းမျဉ်းချိုးဖောက်ပြီး နာမည်ကျော်ဆံသပညာရှင် ဝင်နီနာနာကာကာရီကို အိမ်တိုင်ရာရောက် ဆံပင်ညှပ်ခိုင်းခဲ့လို့ သတိပေးခြင်းခံခဲ့ရပါတယ်။ စည်းမျဉ်းချိုးဖောက်ခဲ့တဲ့ ဒေါ့မွန်ကစားသမား ၆ ယောက်က ဂျာဒန်ဆန်ချို၊ ရာဖေးလ်ဂွာရဲရိုး၊ အကန်ဂျီ၊ သော်ဂန်ဟာဇတ်၊ ဝစ်ဆယ်၊ ဇာဂါဒိုတို့ဖြစ်တယ်လို့ ဂျာမန်အခြေစိုက် Bild သတင်းဌာနက ဖော်ပြပါတယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ပထမဆုံး ပြန်လည်စတင်တဲ့ ဘောလုံးပြိုင်ပွဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ထပ်မပျံ့နှံ့စေဖို့၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ပေးဖို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။

ကွင်းတွင်းစည်းမျဉ်းတွေအရ ကစားသမားတွေဟာ ပုံမှန်ဆေးစစ်မှု ခံယူရပြီး ကွင်းထဲမှာ ပြိုင်ဘက်တွေနဲ့ လက်ဆွဲနှုတ်ဆက်တာမျိုး မလုပ်ဖို့၊ ဂိုးသွင်းပြီးရင် ပွေ့ဖက်အောင်ပွဲခံတာမျိုး မလုပ်ဖို့၊ မလိုအပ်ဘဲ အသားချင်းထိတွေ့တာမျိုး မလုပ်ဖို့ စည်းမျဉ်းချမှတ်ထားပါတယ်။ ကွင်းပြင်ပမှာလည်း ကစားသမားတွေက သူတို့ရဲ့အိမ်နီးချင်းတွေနဲ့ တိုက်ရိုက်မထိတွေ့ကြဖို့၊ အိမ်မှာပဲနေဖို့၊ ဧည်သည့်မခေါ်ဖို့ အစရှိတဲ့ စည်းမျဉ်းတွေရှိပါတယ်။ Bild သတင်းစာက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဒေါ့မွန်ကစားသမားတွေရော၊ ဆံသပညာရှင် ဝင်နီနာနာကာကာရီပါ မဖြစ်မနေ လိုက်နာဖို့လိုအပ်တဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိတာ တွေ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top