foodpanda ရဲ့ မြန်မာနိုင်ငံ သံတမန်ဖြစ်လာတဲ့ အောင်လအန်ဆန်

8-6-2020-yyl-002.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ဟာ ၎င်းရဲ့မွေးရပ်မြေ မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားသူတစ် ယောက်ဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းက ချစ်ခင်မြတ်နိုးကြပါတယ်။ အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လဟာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုကို ပထမဆုံးရရှိဖူးသူဖြစ်တာကြောင့် နိုင်ငံရဲ့အားကစားသူရဲကောင်းတစ် ယောက်ဖြစ်သလို နိုင်ငံ့သားကောင်းတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးပီပီ အမြဲတမ်းပြုံးရွှင်စွာတွေ့ရတတ်တဲ့ ၎င်းဟာ ကမ္ဘာ့ချန်ပီယံတစ်ဦးဆိုတဲ့ မာန်မာနမရှိသလို သာမန်လူလို နှိမ့်ချမှုရှိတာကြောင့် စီးပွားရေးလုပ်ငန်းတွေက နှစ်ဦးနှစ်ဖက် အကျိုး ရှိစေဖို့အတွက် ၎င်းကို သံတမန်တစ်ဦးအဖြစ် ခန့်အပ်လေ့ရှိပါတယ်။

ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့စာချုပ်ချုပ်ဆိုကာ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ အော်လဟာ ပြီးခဲ့တဲ့ရက်ပိုင်း ကပဲ အာရှတိုက်ရဲ့ ဈေးကွက်အကြီးမားဆုံးရရှိထားတဲ့ အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ foodpanda နဲ့ လက်တွဲခဲ့ပါတယ်။ အစားအစာတွေကို အွန်လိုင်းကနေ မှာယူစားသုံးတာဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းရေပန်းစားလျက်ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာလမှာတော့ Delivery တွေရဲ့အခန်းကဏ္ဍက အရေးပါတဲ့နေရာကို ရောက်လာတာအမှန်ပါပဲ။ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်တာ၊ အတတ်နိုင်ဆုံး နေအိမ်မှာ ပဲနေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာ မိမိစားနေကျ စားသောက်ဆိုင်က အစားအစာတွေကို စားသောက်ချင်သူတွေအနေနဲ့ အိမ်ပြင်မထွက်ရအမိန့်ကြောင့် အခက်တွေ့ခဲ့ကြပါတယ်။

ဒီနေရာမှာ အစားအစာ သယ်ယူဖြန့်ဖြူးပေးနေရတဲ့ food delivery ကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေရဲ့လုပ်အားက အစားအသောက်ကောင်း ကောင်းကိုမှ စားသောက်ချင်သူတွေရဲ့ချင်ခြင်းကို ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။ စားသောက်ဆိုင်တွေနဲ့ ချိတ်ဆက်ထားတဲ့ delivery သမား တွေဟာ စက်ဘီးများဖြင့် မှာယူထားသူတွေထံ အိမ်အရောက်ပို့ ဆောင်ပေးလျက်ရှိတာကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော် ရန်ကုန်မှာ နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါပဲ။ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ foodpanda ဟာ သက်တမ်းအားဖြင့် ၈ နှစ်ရှိနေပြီဖြစ်ပြီး အာရှပစိဖိတ်ဒေသမှာ ၎င်းတို့ရဲ့ဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ရုံးချုပ်ထားရှိ တဲ့ foodpanda ဟာ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံဈေးကွက်ထဲ စတင်ဝင်ရောက်လာခဲ့ပြီး စားသုံးသူတွေရဲ့ယုံကြည်မှုကို ရယူနိုင်တာ ကြောင့် ရန်ကုန်အပြင် မန္တလေး၊ ပုဂံစတဲ့မြို့တွေအထိပါ လုပ်ငန်းတွေချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
“foodpanda မိသားစုဝင် တစ်ယောက်ဖြစ်ရတာ ကျွန်တော် အရမ်းကျေနပ်မိပါတယ်။

အစားအစာဖြန့်ဖြူးရေးလုပ်ငန်းဆိုတာ လူတွေက ကိုယ်စားချင်တာကို ကလစ်ကလေးတစ်ချက်နှိပ်ရုံနဲ့ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကပ်ဆိုးကာလအတွင်း အစားအသောက် ကောင်းကောင်းစားသောက်ဖို့က အရေးကြီးသလို အစားအစာတွေကို အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးတဲ့ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။ မြန်မာအစားအစာတွေက ကျွန်တော့်ဘဝရဲ့ကြီး မားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဘယ်နေရာကိုပဲရောက်နေပါစေ ကျွန်တော့်ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို မြန်မာအစားအစာ တွေနဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်” လို့ အောင်လက ပြောပါတယ်။ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိနေပေမယ့်လည်း မွေးရပ်မြေမြန်မာနိုင်ငံကို လွမ်းဆွတ်မိသ လို COVID-19 ကြောင့် ရန်ကုန်ကို ပြန်လို့မရသေးကြောင်း အောင်လက ဆိုပါတယ်။ ၎င်းက ရောဂါကပ်ဆိုးကာလအတွင်း ဆရာဝန်၊ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးခဲ့ပြီး အစားအစာဖြန့်ဖြူးပေးလျက်ရှိတဲ့ delivery သမား လေးတွေရဲ့လုပ်အားနှုန်းကိုလည်း အသိအမှတ်ပြုပါတယ်။ foodpanda Myanmar ရဲ့မန်နေးဂျင်းဒါရိုက်တာ ဦးဇေယျာမင်းကလည်း မြန်မာနိုင်ငံသားတွေ ချစ်ခင်နှစ်သက်တဲ့ အောင်လအန်ဆန်နဲ့ စာချုပ်ချုပ်ခွင့်ရတဲ့အပေါ် ကျေနပ်မိတယ်လို့ ပြောပါတယ်။

“အောင်လအန်ဆန်ကို ကျွန်တော်တို့ရဲ့သံတမန်အဖြစ် ခန့်အပ်နိုင်ခဲ့လို့ ပျော်ရွှင်မိသလို ကြိုလည်းကြိုဆိုပါတယ်။ ဒီနှစ်ဦးနှစ်ဖက် မိတ် ဖက်မှုက မြန်မာလူမျိုးတွေ ချစ်ခင်နှစ်သက်ကြတဲ့ ကမ္ဘာ့ချန်ပီယံ တစ်ယောက်နဲ့အတူ ဒေသခံ စားသောက်ဆိုင်များရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ပြုဖို့ foodpanda ရဲ့ကတိကဝတ်ကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ကျွန်တော်တို့ဟာ ဒေသခံစားသောက်ဆိုင်တွေနဲ့ ဖောက်သည် တွေကိုစုစည်းပြီး အချိန်တိုအတွင်းမှာပဲ ပို့ဆောင်ခအခမဲ့နဲ့ ပို့ဆောင်ပေးနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ဦးဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အောင်လအန်ဆန်ကို မြန်မာစားသုံးသူတွေနဲ့ စတင်မိတ်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ကို မကြာခင်စတင်နိုင်မယ် လို့ မျှော်လင့်ပါတယ်” လို့ ဦးဇေယျာမင်းက ဆိုပါတယ်။

Video Link : https://www.facebook.com/watch/?v=460026821504352

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top