ONE: A New Era ပွဲအကြိုသုံးသပ်ချက် Demetrious Johnson နှင့် Yuya Wakamatsu

download-1.jpg

လာမည့်မတ်လ (၃၁) ရက်နေ့တွင် ဂျပန်နိုင်ငံ၌ကျင်းပမည့် ONE: A NEW ERA ကြိုးဝိုင်းစင်မြင့်ထက်သို့ Demetrious “Mighty Mouse” Johnson ဝင်ရောက်လာချိန်သည်
ONE Championship၏ သမိုင်းကာလတလျှောက်တွင် လက်ခုပ်သြဘာသံအညံဆုံး ပွဲဦးထွက် ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံလောကတွင် ကျော်ကြားသူ Johnson အဖို့ ဆုတံဆိပ်ပေါင်းများစွာကို သိမ်းကြုံးရယူရန်အတွက် ONE Championship အဖွဲ့အစည်းကြီးသို့ဝင်ရောက်လာခြင်းဖြစ်သည်။ ၎င်းသည် ပွဲဦးထွက်ပြိုင်ပွဲတွင် ဂျပန်လူမျိုး Yuya Wakamatsu နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်ဖြစ်သူ Yuya Wakamatsu အဖို့ အနိုင်ရဖွယ်မရှိဟု ပရိသတ်အများအပြားက ထင်ကြေးပေးနေကြသည်။

မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲ၏အဆုံးအဖြတ်မှာ အလွယ်တကူဖြစ်လိမ့်မည်မဟုတ်။ သမိုင်းတစ်လျှောက် မှတ်ကျောက်ကောင်းဖြစ်လာမည့် ယင်းပွဲကြီးမှာ နောက်ဆုံးခါးပတ်ဆုပွဲမဟုတ်သည့်တိုင် ONE:
A NEW ERA ပွဲကြီးတွင် ပရိတ်သတ်များ မျက်ခြေမပြတ်စောင့်ကြည့်ရမည့် ပွဲကောင်းတစ်ခုပင် ဖြစ်သည်။

ကိုယ်ကာယကြံ့ခိုင်မှု

ဂျပန်လူမျိုး Wakamatsu မှာ Mighty Mouse ထက် အရပ်အမြင့် (၂) လက်မ ပိုမိုသာလွန်လျက်ရှိသော်လည်း ကိုယ်ခံပညာသမိုင်းတစ်လျှောက် အတွေ့အကြုံရင့်သူတစ်ဦးအနေဖြင့် ယင်းအချက်မှာ ပြောပလောက်သောအချက်တစ်ခုမဟုတ်ချေ။ အရပ်အမြင့် (၅) ပေ (၃) လက်မသာ ရှိသောအားကစားသမားမှာ ရှားပါးသော်လည်း ၎င်းမှာ ထိုအခွင့်အရေးကို အားသာချက်အဖြစ် ပြောင်းလဲအသုံးချနိုင်သူတစ်ဦးပင်ဖြစ်သည်။ ၎င်းသည် မထင်မှတ်ထားလောက်အောင် သန်စွမ်းသည့်အပြင် လျင်မြန်ဖျတ်လတ်သောလှုပ်ရှားမှုရှိသည်။ ကြောင်လေးတစ်ကောင်သဖွယ် နူးညံ့သိမ်မွေ့သောကိုယ်နေဟန်တို့ဖြင့် မြန်မြန်ဆန်ဆန်လှုပ်ရှားမှုတို့ကြောင့် ပြိုင်ဖက်အနေဖြင့် ၎င်းအား ဦးတည်တိုက်ခိုက်ရန် ခက်ခဲသည်။ အရပ်အမြင့် (၅) ပေ (၅) လက်မရှိသော Wakamatsu အနေဖြင့် ၎င်း၏ပြိုင်ဖက်နှင့်ကွာခြားချက် အများအပြားရှိလိမ့်မည်မဟုတ်ပေ။

ထိုးသတ်ကွက်များသုံးသပ်ချက်

Johnsonသည် ထိုးကန်ချက်ထက် နပမ်းပညာတွင် ပိုအားသန်သူဖြစ်သည်။ ပညာရပ်ကျွမ်းကျင်မှုသည်ပင်လျှင် ကိုယ်ခံပညာသိုင်းပေါင်းစုံနယ်ပယ်တွင် ၎င်းအား အကောင်းဆုံးကစားသမားစာရင်း ဝင်စေခဲ့ခြင်းဖြစ်သည်။ အားနည်းချက်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

၎င်းမှာ Joseph Benavidez ကဲ့သို့သော ထိပ်တန်းကစားသမားများကိုပင် လက်သီးတစ်ချက်ဖြင့် အလဲထိုးနိုင်ခဲ့သူတစ်ဦးပင်ဖြစ်သည်။ Henry Cejudoကိုလည်း ဒူးကန်ချက်ဖြင့် အလဲထိုး အနိုင်ယူခဲ့ဖူးသည်မှာ အံ့ချီးဖွယ်ဖြစ်သည်။

Johnson သည် ပြိုင်ဖက်တစ်ဦးကို အလဲထိုးတိုက်ခိုက်လိုသူဖြစ်သော်လည်း အခွင့်မသာသောအချိန်များတွင်လည်း ပွဲကောင်းတစ်ခုကို ထိန်းသိမ်းနိုင်သူဖြစ်သည်။ခန္ဓာအင်အားသက်သက်ချည်းသာဆိုလျှင် Wakamatsu တွင် အားသာချက်မရှိဟုမဆိုနိုင်။ ၎င်း၏ ညာဘက်လက်သည် ပြိုင်ဖက်အတွက် အန္တရာယ်ကြီးသောလက်နက်ကောင်းတစ်လက်ပင်ဖြစ်သည်။
Johnsonအတွက် ၎င်း၏ညာလက်အား သွေးမပူမီ ပွဲဦးထွက်ကာလတွင် သတိချပ်ရမည့် အန္တရာယ်ကြီးဖြစ်သည်။

နပမ်းကစားကွက်သုံးသပ်ချက်

ကြိုးဝိုင်းထက်ရှိ မြေပြင်ကစားကွက်သည် Johnson အဖို့ အကောင်းဆုံးအားသာချက်ရစေမည့် နေရာအကွက်အကွင်းဟု ဆိုနိုင်သည်။ ၎င်းသည် ကမ္ဘာ့ထိပ်တန်းနပမ်းသမားတစ်ဦးနှင့်တူသည့် ချုပ်ကွက်ဆရာတစ်ဆူဖြစ်သည်။ Johnson သည် ၎င်း၏မြေပြင်ချုပ်ကွက်များဖြင့် လွှမ်းမိုးအနိုင်ရခဲ့သည့် စံချိန်တင်နိုင်ခဲ့သူဖြစ်သည်။

Wakamatsu အနေဖြင့် မြေပြင်ကစားကွက်များတွင် မည်မျှပင် ကြိုးစားလေ့ကျင့်သည်ဖြစ်စေ၊ Johnson အား အမှီလိုက်နိုင်ရန်အခက်အခဲများရှိပေလိမ့်မည်။ ကြမ်းပြင်ကိုရှောင်ရှားခြင်းက ၎င်းအတွက် အကောင်းဆုံးပင်ဖြစ်သည်။

အသက်အရွယ်နှင့် အတွေ့အကြုံ

Wakamatsu သည် အသက် (၂၄) နှစ်အရွယ်သာရှိသေးသည်။ ၎င်း၏ ရွှေရောင်တောက်သော အနာဂတ်နေ့ရက်များသည် စောင့်ကြိုနေဦးမည်ဖြစ်သည်။ Johnson သည် အသက် (၃၂) နှစ်ရှိပြီဖြစ်ရာ အိုမင်းပြီဟု မဆိုနိုင်သော်လည်း ၎င်း၏ ကစားသမားသက်တမ်း၏ အထွဋ်အထိပ်ကာလသည် ကျော်လွန်ခဲ့ပြီးဖြစ်သည်။

မေးခွန်းထုတ်စရာရှိသည်မှာ Wakamatsu သည် ၎င်း၏ တက်လာသော လက်ရည်ဖြင့်
ဝါရင့်ကစားသမား Johnson ၏ ကျဆင်းလာသော အခြေအနေတွင် အနိုင်ရမည်လား ဆိုသည်ပင်။ ထိုသည်မှာလည်း Wakamatsu အနိုင်ရရန် တစ်ခုတည်းသော အခွင့်အရေးဟုဆိုရမည်ပင်ဖြစ်သည်။

Johnson သည် ဘန်တန်ဝိတ်တန်းနှင့် ဖလိုင်းဝိတ်တန်းတွင် အကောင်းတကာ့အကောင်းဆုံး ကစားသမားအဖြစ်ရပ်တည်ခဲ့ကာ Dominick Cruz မှလွဲ၍ ကစားသမားမှန်သမျှကို အနိုင်ယူခဲ့သည်ချည်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် Johnson သည် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲပေါင်း (၃၁) ပွဲကို ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးယှဉ်ပြိုင်ခဲ့သော (၁၄) ပွဲသည် ချန်ပီယံလုပွဲများဖြစ်ခဲ့သည်။ ထိုကြောင့် Wakamatsu ထက် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲအတွေ့အကြုံ ပိုများသည်။ ထိုအချက်ကိုကြည့်ခြင်းဖြင့်မည်သူက အတွေ့ကြုံပိုင်းတွင် အလေးသာသည်ကို သိနိုင်ပေမည်။

ဖိအားများ

ဖိအားများသောသူကို ပြပါဆိုလျှင် Johnson ကို ပြရမည်ဖြစ်သည်။ ၎င်းသည် ကျော်ကြားသော ချန်ပီယံဟောင်းတစ်ဦးဖြစ်သောကြောင့် ပရိသတ်များ၏ ကြီးမားသောမျှော်လင့်ချက်များအောက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းယခင်က ယှဉ်ပြိုင်ခဲ့သလိုချန်ပီယံဆုကို ဆွတ်ခူးမည့်လျှောက်လမ်းအတွက် ယခုပြိုင်ပွဲတွင် မတော်တဆ ရှုံးနိမ့်ခဲ့ပါက အဟန့်အတားကြီးတစ်ခုဖြစ်လာပေလိမ့်မည်။

၎င်းအပေါ် Wakamatsu ၏ စိန်ခေါ်မှုက ပရိသတ်များနှင့် အခြားသော ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသားများအတွက် Johnson သည် ရှုံးနိမ့်နိုင်ပါသလော ဟူသော အတွေးများကို တွေးမိစေသည်။ သို့သော် (၇) နှစ်ကျော်ကာလအတွင်း Johnson အတွက် ရှုံးပွဲ (၁) ပွဲသာရှိသည်ဆိုသောအချက်ကို မေ့လို့ရမည်မဟုတ်ချေ။

ရှုံးနိမ့်ခြင်းသည် Johnson အဖို့ မရှိသလောက်နည်းသည်။ အပြိုင်အဆိုင်ပြင်းထန်သော ထိုအားကစားပြိုင်ပွဲတွင် Wakamatsu အနေဖြင့် ပေါ့ပါးလွယ်ကူစွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ၎င်းကို မည်သူကမျှ အနိုင်ရလိမ့်မည်မထင်သောကြောင့် ၎င်းအနေဖြင့် အောင်နိုင်ခဲ့ပါက အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်ပါလိမ့်မည်။ အကယ်၍ ၎င်းအနိုင်ရရှိခဲ့ပါမူ သမိုင်းတစ်လျှောက် အကြီးမားဆုံးအနိုင်ရသော အောင်ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်နိုင်မည်ဖြစ်သည်။

မည်သူအလေးသာသနည်း

Wakamatsu ၏ အနိုင်ရနိုင်ချေနည်းသည်ဟု ပြောရမည်ပင်။ အကယ်၍ ဂျပန်ကစားသမား Wakamatsu သည် Johnson မှ ၎င်းအား ချုပ်ကွက်ဖြင့်အနိုင်မယူမီ ပွဲအစတွင် အဆက်မပြတ် လက်သီးချက်များထိုးသွင်း၍ ဖြစ်စေ၊ သို့တည်းမဟုတ် မြေပြင်ကစားကွက်နှင့်ပင်ဖြစ်စေ အနိုင်ယူနိုင်ခဲ့လျှင် ၎င်းအနိုင်ရနိုင်သည်ဟု သုံးသပ်ရသည်။

Johnson သည် ၎င်းဝိတ်တန်းရှိ ကစားသမားများအားလုံးလိုလိုကို အနိုင်ရခဲ့သူဖြစ်ကာ Wakamatsu သည် ငယ်ရွယ်ထူးချွန်သော အလဲထိုးကျွမ်းကျင်သည့် ကစားသမားဖြစ်သည့်အတွက် မည်သူကအလေးသာသည်ဆိုမှာ ပြောရခက်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲတွင် မည်သည့်ကိစ္စမဆို ဖြစ်ပေါ်လာနိုင်သည်။ Johnson အနေဖြင့် ၎င်း မမြင်နိုင်သော ကြီးမားအားပါသည့် လက်သီးတစ်ချက်ဖြင့် Wakamatsu က အနိုင်ယူလိုက်သည်လည်း ဖြစ်နိုင်ပါသေးသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top