အောင်လအန်ဆန်ပွဲ အပါအဝင် ပြိုင်ပွဲများကို ONE Championship ရွှေ့ဆိုင်း

17-3-2020-yyl-003.jpg

ကမ္ဘာကြီးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးသူ အရေအတွက် က မတ်လ ၁၂ ရက်အထိ ၄၆၀၇ ဦးအထိ မြင့်တက်လာပါတယ်။ ရောဂါပိုး ကူးစက်ခံထားရသူ အရေအတွက်က ၁၂၅၀၀၀ လောက်ရှိပြီး အီတလီ၊ ဒိန်းမတ်တို့မှာ နိုင်ငံလုံးအနှံ့ ခရီးသွားလာတာတွေကို ပိတ်ပင်ကာ နေအိမ်မှာပဲ နေထိုင်နေကြရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(WHO)ကလည်း COVID-19 ဟာ ကပ်ကြီးတစ်ခုသဖွယ် ဖြစ်လာနေပြီး နိုင်ငံအများအပြားကို ကူးစက်ပျံ့နှံ့လျက်ရှိတာကြောင့် ကြို တင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ တပ်လှန့်ထားပါတယ်။ COVID-19 ဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အားကစား စတဲ့ နယ်ပယ် တိုင်းကို ရိုက်ခတ်မှုတွေ ရှိလာပါတယ်။

ဥရောပမှာဆိုရင် ဘောလုံးပြိုင်ပွဲတွေရွှေ့ဆိုင်းတာ၊ ကားမောင်းပြိုင်ပွဲတွေကို တံခါးပိတ်ကျင်းပတာ၊ အမေရိကန်မှာဆိုရင်လည်း ဘတ်စ ကက်ဘောပြိုင်ပွဲတွေ ရွှေ့ဆိုင်းတာတွေ လုပ်ဆောင်နေပါတယ်။ လူစုလူဝေးရှိတဲ့ နေရာတွေမှာ ရောဂါပိုးကူးစက်နိုင်ဖို့က သေချာနေတာ ကြောင့် အားကစားပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ မပြုလုပ်ဖို့ ပိတ်ပင်တာတွေ၊ ရွှေ့ဆိုင်းတာတွေ ပြုလုပ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ် ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ကလည်း COVID-19 ကြောင့် မေလအထိ ပြုလုပ်မယ့်ပြိုင်ပွဲတွေကို ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာ၊ ပရိသတ်ဝင်ခွင့်မပေးဘဲ တံခါးပိတ်ကျင်းပတာမျိုး လုပ်ဆောင်သွားမယ်လို့ ကြေညာပါတယ်။ စင်ကာပူအခြေစိုက် ONE Championship ဟာ ဖေဖော်ဝါရီ ၂၈ ရက်က စင်ကာပူမှာပြုလုပ်တဲ့ ONE: KING OF THE JUNGLE ပြိုင်ပွဲကို တံခါးပိတ် ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၂၀ ရက်ကျရင် ဗီယက်နမ်နိုင်ငံမှာပြုလုပ်မယ့် ONE: HEART OF HEROES ပြိုင်ပွဲကိုလည်း COVID-19 ကြောင့် ဇွန်လ အတွင်း ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါဗိုင်းရပ်စ် ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းက တဖြည်းဖြည်းမြင့်တက်လာတာကြောင့် မတ်လ ၁၂ ရက်မှာ ONE Championship ဥက္ကဋ္ဌ Chatri Sityodtong က ယခုမတ်လကနေ ဧပြီ၊ မေလအတွင်း ကျင်းပပြုလုပ်သွားမယ့် ပြိုင်ပွဲတွေကို အပြောင်းအလဲပြုလုပ်သွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ အဓိကအချက်က ၂၀၂၀ မေလ ၂၉ ရက်အထိ ပြိုင်ပွဲတွေကို ဆိုင်းငံ့ထားပြီး ပရိသတ်တွေအတွက် အွန်လိုင်း၊ ရုပ်သံလိုင်းတွေက နေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် ပြိုင်ပွဲတွေကို စင်ကာပူမှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ အချက်ပါပဲ။

ONE မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ ရုရှားအားကစားသမား Vitaly Bigdash တို့ ယှဉ်ပြိုင် ကြမယ့် ONE: INFINITY 1 ပြိုင်ပွဲကို မူလက အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီ ၁၀ ရက်ကျင်းပဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ပြောင်းလဲလိုက်တဲ့မူအရ ဒီပြိုင်ပွဲကို မေလ ၂၉ ရက်ကျရင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲနဲ့ဝေးကွာနေတဲ့ ပရိသတ်တွေအတွက် စင်ကာ ပူရုံတွင်းအားကစား ပြိုင်ပွဲရုံမှာ ဧပြီနဲ့မေလအတွင်း ၄ ပွဲတိတိကို တံခါးပိတ်ကျင်းပကာ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကနေ တိုက်ရိုက်ပြ သသွားမှာဖြစ်ပါတယ်။

Chatri က “ကျွန်တော်နဲ့ အဖွဲ့သားတွေဟာ ONE Championship က ကျင်းပတဲ့ ပြိုင်ပွဲအားလုံးကို တံခါးပတ်ကျင်းပတာ၊ ပရိသတ်မပါ ဘဲ ကျင်းပတာတွေ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ပရိသတ်တွေ၊ အားကစားသမားတွေ၊ ဝန်ထမ်းတွေ၊ လုပ် ဖော်ကိုင်ဖက်တွေ လုံခြုံမှုရှိဖို့က ONE Championship ရဲ့အမြင့်ဆုံး ဦးစားပေးမှုပဲ။ ကမ္ဘာလုံးဆိုင်ရာ အနေအထားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် အနိမ့်ဆုံး ၂၀၂၀ မေလ ၂၉ ရက်အထိ ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းထားတယ်။

ကမ္ဘာပေါ်က သန်းပေါင်း များစွာသော ကျွန်တော်တို့ရဲ့ပရိသတ်တွေ ကိုယ့်ရဲ့နေအိမ်ကနေ လုံခြုံမှုအပြည့်နဲ့ကြည့်နိုင်ဖို့ ကျွန်တော်တို့ ရုပ်သံအဖွဲ့က ဧပြီ ၁၇၊ ဧပြီ ၂၄၊ မေ ၁၊ မေ ၈ ရက်တွေကျရင် စင်ကာပူမှာပြုလုပ်မယ့် တံခါးပိတ်ပြိုင်ပွဲတွေကို ရိုက်ကူးထုတ်လွှင့်ပေးသွားမှာပါ။ ဒီပြိုင်ပွဲတွေမှာ ဘယ်သူတွေ ထိုးသတ်ကြမလဲဆိုတာ မကြာခင် ကြေညာပေးမှာပါ။ ONE Championship က ကမ္ဘာမြေပေါ်က အကောင်းဆုံး ကိုယ်ခံပ ညာရှင်တွေနဲ့အတူ သူတို့ရဲ့မယုံကြည်နိုင်စရာ ဇာတ်လမ်းတွေနဲ့ သင့်ကို လှုံ့ဆော်မှုပေးပါလိမ့်မယ်။ ဒီဗိုင်းရပ်စ်က အခု တိုက်ခိုက်နေ တယ်။ ဒါပေမဲ့ လူသားတွေရဲ့စိတ်ဝိဉာဉ်နဲ့ စွမ်းအားကို ငါယုံကြည်တယ်။ ဆက်သွားကြပါစို့” လို့ ရေးသားခဲ့ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top