မိသားစုလို နွေးထွေးတဲ့ One Championship နဲ့ ထာဝရလက်တွဲသွားမယ့် ဂျွန်ဆင်

yyl-021-8.jpg

One Championship အဖွဲ့အစည်းက မိသားစုလို ရင်းနှီးနွေးထွေးတဲ့အတွက် ဒီအဖွဲ့အစည်းက ထာဝရလက်တွဲသွားမယ်လို့ အမေရိကန်သိုင်းပေါင်းစုံ ကစားသမား ဒီမစ်ထရီယက်ဂျွန်ဆင်(Demetrious “Mighty Mouse” Johnson) က ပြောပါတယ်။ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း Johnson ဟာ အဲဒီဝိတ်တန်းမှာ အလဲထိုးနိုင်ပွဲ စံချိန်တင်ထားတဲ့ တစ်ဦးတည်းသော ကစားသ မားတစ်ယောက်လည်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်အခြေစိုက် UFC နဲ့ လမ်းခွဲကာ ONE Championship နဲ့ လက်တွဲဖို့ စာ ချုပ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မြောက်များစွာသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းတွေအနက် ONE Championship ဟာ စည်းကမ်းသေဝပ်မှု အရှိဆုံး၊ နွေးထွေးကြင်နာမှု အရှိဆုံး၊ တစ်ဦးအပေါ်တစ်ဦး လေးစားသမှု အရှိဆုံး အဖွဲ့အစည်း အဖြစ် ထင်ရှားပါတယ်။ တစ်ဦးနဲ့တစ်ဦး အကြိတ်အနယ် ထိုးသတ်ယှဉ်ပြိုင်ရတာ အဆန်းတကြယ် မဟုတ်ပေမယ့်လည်း စင်ကာပူ အခြေ စိုက် အဖွဲ့အစည်းကြီးနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ အားကစားသမားတွေ ဟာ ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ပြီးတိုင်း လေးလေးစားစား ပွေ့ဖက် နှုတ်ဆက်ကြတာက အခြားသော အဖွဲ့အစည်းတွေမှာ မြင်တွေ့နိုင်ဖို့ခက်ခဲတဲ့ အမူအကျင့် တွေပါပဲ။

ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင် လအန်ဆန် ကိုယ်တိုင် ဖွင့်ဟဖူးပြီး အမေရိကန်မှာ ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ဖူးတဲ့ ကချင်တိုင်းရင်းသားက ပြိုင်ပွဲဝင် အားကစားသမား တွေဟာ နှိမ့်ချမှု၊ စည်းကမ်းသေဝပ်မှု၊ တစ်ဦးအပေါ် တစ်ဦးက လေးစားသမှုတွေရှိတယ်လို့လည်း ဆိုဖူးပါတယ်။ အသက် ၃၃ နှစ်အ ရွယ် Johnson ဟာ ၂၀၁၉ ခုနှစ်အတွင်း ၃ ပွဲယှဉ်ပြိုင်ပြီး ပွဲတိုင်းအနိုင်ယူကာ ONE Championship ဖလိုင်းဝိတ်တန်း ဂရင်းပရီ ကမ္ဘာ့ ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားပါတယ်။ “ကစားသမားဘဝကို ONE Championship နဲ့ပဲ အဆုံးသတ်သွားမှာပါ။ ဒီအဖွဲ့အစည်းက ကျွန်တော် လက်တွဲတဲ့ နောက်ဆုံးအဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို ကျွန်တော် ချစ်တယ်။

အစစအရာရာမှာ ကစားသမားတွေဘက်က ရပ်တည်ပေးသလို ဂရုတစိုက်ရှိပေးတာကို ချစ်တယ်။ ONE Championship က ကျွန်တော့်ရဲ့နောက်ဆုံး အဖွဲ့အစည်းပဲ။ ကစားသမားဘဝ တိုးတက်မှုတွေကို မြောက်အမေရိကမှာ သက်သေပြသပြီးသွားပြီဖြစ်လို့ ထပ်ပြီး သက်သေပြဖို့ မလိုတော့ပါဘူး” လို့ ကစားသမားဘဝ ၃၄ ပွဲမှာ ၃၀ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ၁ ပွဲသရေမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ Johnson က ပြောပါတယ်။ အာရှတိုက်မှာ ပြိုင်ပွဲတွေယှဉ်ပြိုင်ရတာ ကိုလည်း Johnson က ပျော်ရွှင်ကျေနပ်လျက်ရှိပြီး ပိုင်ဆိုင်ထားတဲ့ ဖလိုင်းဝိတ်တန်း ဂရင်းပရီ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်သွားမှာ ဖြစ်သလို နောက်ထပ် ရည်မှန်းတစ်ခုကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

အဲဒါကတော့ ONE ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘရာဇီးလ်အားကစားသမား Adriano “Mikinho” Moraes ရဲ့ခါးပတ်ကိုပါ ပိုင်ဆိုင် နိုင်ဖို့ ကြိုးစား လေ့ကျင့်နေတာပါပဲ။ သူတို့နှစ်ယောက်ရဲ့တွဲဆိုင်းက သိပ်မကြာခင် အကောင်အထည်ပေါ်လာဖို့ရှိနေပြီး Johnson က ၂၀၂၀ ပြည့်နှစ်အတွင်း ၂ ပွဲထိုးသတ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်နေသ၍ ပြိုင်ပွဲတွေ ဆက်လက်ယှဉ်ပြိုင်သွား မယ်ဆိုတဲ့ Johnson က ONE Championship နဲ့အတူ နောက်ထပ် ၅ နှစ်လောက် ဆက်လက်တွဲသွားမယ်လို့လည်း ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top