ငါးမန်းဖြူကိုက်လို့ လှိုင်းစီးနေသူတစ်ယောက် သေဆုံး

8-6-2020-yyl-013.jpg

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် မြောက်ပိုင်းမှာ ၁၀ ပေ အရှည်ရှိတဲ့ ငါးမန်းဖြူကိုက်လို့ လှိုင်းစီးသူတစ်ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆစ်ဒနီမြို့မြောက်ဘက် မိုင် ၅၀၀ အကွာမှာရှိတဲ့ ကင်းစ်ကလစ်မြို့ ကမ်းလွန်ဘက်မှာ အသက် ၅၀ နဲ့ ၆၀ ကြားအရွယ်ရှိတဲ့ လှိုင်းစီးသူတစ်ယောက်ရဲ့ခြေထောက်ကို ငါးမန်းကိုက်ခဲ့တာပါ။ သတ္တိကောင်းတဲ့ လှိုင်းစီးသူတွေက ငါးမန်းကို ရင်ဆိုင်တိုက်ခိုက်ပြီး ငါးမန်းကိုက်ခံရတဲ့ လှိုင်းစီးသူကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူ့ကို ကမ်းခြေရောက်အောင် ပြန်ခေါ်လာနိုင်ခဲ့ပေမဲ့ ဒဏ်ရာတွေကြောင့် ကမ်းခြေမှာ သေဆုံးသွားခဲ့တာပါ။

ဒါဟာ အခုနှစ်အတွင်း သြစတြေးလျရေပိုင်နက်မှာ ငါးမန်းကိုက်လို့ တတိယမြောက် လူသေဆုံးမှုဖြစ်ပါတယ်။ အဲဒီငါးမန်းကို ရှာဖွေဖို့အတွက် ရဲတပ်ဖွဲ့ သေနတ်သမားတွေကို စေလွှတ်ခဲ့ပေမဲ့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ နာရီအတော်ကြာချိန်မှာ ငါးမန်းက အဲဒီနေရာတစ်ဝိုက်ကနေ ထွက်သွားခဲ့ပါတယ်။ ငါးမန်းတွေက လူ့အသက်ကို ခြိမ်းခြောက်နေတယ်လို့ သတ်မှတ်ထားရင် ရဲတပ်ဖွဲ့က ငါးမန်းတွေကို သတ်ဖြတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်ရပ်မှာတော့ သေနတ်တစ်ချက်မျှ မပစ်ခဲ့ဘူးလို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top