ပရိသတ်အော်ဟစ်အားပေးသံမပါလို့ ပင်နယ်တီမဝင်ခဲ့တာလို့ အော့စ်ဘတ်တိုက်စစ်မှူး ပြော

8-6-2020-yyl-014.jpg

ကိုလုံးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပရိသတ်အော်ဟစ်အားပေးသံမပါလို့ ပင်နယ်တီကန်ချက် ဂိုးမဝင်ခဲ့တာလို့ အော့စ်ဘတ်တိုက်စစ်မှူး နီဒါလက်ချ်နာက ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကွင်းပိတ်ကစားခဲ့တဲ့ အော့စ်ဘတ်နဲ့ ကိုလုံးတို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ပွဲချိန်(၂၇)မိနစ်အရောက် နီဒါလက်ချ်နာ ကန်သွင်းတဲ့ ပင်နယ်တီကန်ချက်ကို ကိုလုံးဂိုးသမား တီမိုဟွန်းက ကာကွယ်နိုင်ခဲ့ပါတယ်။ နီဒါလက်ချ်နာ ပင်နယ်တီကန်တော့မယ့်အချိန်မှာ ကိုလုံးကစားသမားတစ်ယောက်က ဂိုးသမားနား ကပ်ပြီး ညာဘက်ထောင့်ကို ကန်ဖို့များတယ်လို့ ပြောခဲ့ပါတယ်။ တစ်ကွင်းလုံး တိတ်ဆိတ်နေချိန်မှာ သူတို့နှစ်ယောက် ပြောတာ ကြားလိုက်ရတဲ့ နီဒါလက်ချ်နာက သူ အားသန်တဲ့ထောင့်ကို မကန်ဘဲ ဦးတည်ချက်ပြောင်းကန်ခဲ့ပေမဲ့ ဂိုးသမား တီမိုဟွန်းက ဖမ်းယူနိုင်ခဲ့တာပါ။

” တကယ်တမ်းပြောရရင် ကျွန်တော်က ညာဘက်ထောင့်ကို အမြဲကန်နေကြပါ။ ဒါပေမဲ့ ဒီအခြေအနေက ကျွန်တော့်ကို လွှမ်းမိုးသွားပါတယ်။ မကြာခဏဆိုသလို သူရဲကောင်းဖြစ်လေ့ရှိပေမဲ့ ဒီနေ့တော့ ကျွန်တော်က အရူးတစ်ယောက်ဖြစ်ခဲ့ရပါပြီ။ ကျွန်တော်က ပင်နယ်တီကန်သွင်းသူတစ်ယောက်အဖြစ် အကြီးမားဆုံးအမှား ကျူးလွန်မိခဲ့ပါတယ်။ မနှစ်မြို့စရာကောင်းလောက်အောင် တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့ ပွဲစဉ်တွေပါပဲ”လို့ နီဒါလက်ချ်နာက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top