ကြွယ်ဝချမ်းသာမှုအားလုံးကို လှူဒါန်းမှုတွေလုပ်မယ်လို့ ကတိကဝတ်ပြုလိုက်တဲ့ ဘီလျံနာအမျိုးသမီး

3-3-2022-yyl27.jpg

အသက် ၃၄ နှစ် အရွယ် သြစတြေးလျရဲ့ အချမ်းသာဆုံးအမျိုးသမီးတွေထဲက တစ်ဉီးဖြစ်တဲ့ မယ်လနင် ပါကင်စ် (Melanie Perkins) ဟာ ဒေါ်လာ ၁၆.၅ ဘီလျံရှိတဲ့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုအားလုံးကို လှူဒါန်းပေးဝေတော့မယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။မယ်လနင်က တက်တူးစပရေးရောင်းချတဲ့လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပေမဲ့ အခု ဒေါ်လာ ၅၅ ဘီလျံတန်ဖိုးရှိပြီဖြစ်တဲ့ အွန်လိုင်းဂရပ်ဖစ်ဒီဇိုင်းပလပ်ဖောင်း Canva ကို ဖန်တီးလုပ်ဆောင်ခဲ့ရမှာ အောင်မြင်မှုရလာခဲ့ပါတယ်။

မယ်လနင်နဲ့ သူ့ရဲ့ခင်ပွန်း တွဲဖက်တည်ထောင်သူ ကလစ်ဖ် အိုဘရာချ် (Cliff Obrecht) တို့ဟာ Canva ရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပေမဲ့ မယ်လနင်က သူ့ရဲ့ဘဝကို ကျွိုးနွံစွာနေထိုင်နိုင်တယ်လို့ ယုံကြည်ပြီး တစ်သက်တာလုံး သူ့ရဲ့စည်းစိမ်တွေကို ပရဟိတလုပ်ငန်းတွေနဲ့ အခြား ကြိုးပမ်းအားထုတ်မှုတွေကနေတဆင့် လှူဒါန်းသွားမယ်လို့ ကတိကဝတ်ပြုရင်း ဘီလ် ဂိတ် (Bill Gates) ရဲ့ Giving Pledge မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အလွန်အမင်းဆင်းရဲမွဲတေမှုပပျောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို သူတို့ကိုယ်တိုင်ချမှတ်ထားပြီး ငွေအမြောက်အမြားကို အဲဒီအတွက် ထည့်ဝင်ကြမှာဖြစ်ပါတယ်။ ကတိပြုစာတစ်စောင်မှာ မယ်လနင်က “Melanie က “ကမ္ဘာ့ပြဿနာအများစုကိုဖြေရှင်းဖို့ ကမ္ဘာပေါ်တွင် ငွေကြေးအလုံအလောက်၊ စိတ်စေတနာကောင်းနဲ့ ကောင်းတဲ့ရည်ရွယ်တွေရှိတယ်ဆိုတဲ့ ဒီယုံကြည်ချက်ရှိပါတယ်။ ဒါဟာ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု မဟုတ်သလို ခံစားရပေမဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုလို့တော့ ခံစားရတယ်၊ ပြီးတော့ ကျွန်မတို့ တစ်သက်လုံး အဲဒီအတွက် လုပ်ပေးချင်တယ်။ ဘယ်သူက ဒီငွေတွေအားလုံးကို လိုတာလဲ။ ပုဂ္ဂိုလ်ရေးအရလား” လို့ ဆိုပါတယ်။

အိုဘရာချ်က တွဲဖက်တည်ထောင်သူဖြစ်ပေမဲ့ သူနဲ့ သူတို့ရဲ့အခြားစီးပွားရေးလုပ်ဖော်ကိုင်ဖက် ကာမရွန် အာဒမ် (Cameron Adams) တို့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မယ်လနင်နဲ့ စိတ်တူကိုယ်တူပါပဲ။ အာဒမ်က “မယ်လနင်က ပြတ်သားတဲ့သူဌေးပါပဲ”လို့ ပြောပါတယ်။ အိုဘရာချ်ကလည်း “မယ်လနင်က အမြဲမှန်ကန်ပြတ်သားတယ်” လို့ ဆိုပါတယ်။

ကတိကဝတ်ပြုတဲ့နေ့မှာ အိုဘရာချ်က “မယ်လနင်နဲ့ ကျွန်တော်ဟာ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်လုပ်ဖို့ ကျွန်တော်တို့ရဲ့ပိုက်ဆံတွေအားလုံးကို လှူဒါန်းပစ်ဖို့ကတိပြုပါတယ်။ ဒီလောက် သိသိသာသာ တန်ဖိုးကြီးတဲ့ ကုမ္ပဏီကြီးတစ်ခုကို အခုပဲ လည်ပတ်နေတော့ အဲဒါကို ကောင်းကျိုးအတွက် တွန်းအားတစ်ခုအနေ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် အသုံးချဖို့က ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ တော်တော်လေး ကျိုးနွံစွာ နေထိုင်ကြပြီး ကြွယ်ဝချမ်းသာမှုကို ရယူဖို့ မလိုအပ်ဘူးလို့ မြင်ပါတယ်။ ကုမ္ပဏီအတွက် ဦးစားပေးက ပညာရေးပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဆင်းရဲနွမ်းပါးသူတွေကို ပညာပေးတာက သံသရာကို ဖြတ်ကျော်ဖို့ အခွင့်အရေးပေးတယ်လို့ ခံစားရလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

မယ်လနင်နဲ့ အိုဘရာချ်တို့က ဩစတြေးလျအနောက်ပိုင်းတက္ကသိုလ်မှာ ပညာသင်ကြားနေရင်း တွေ့ဆုံခဲ့ကြပြီး ဒေသတွင်း အရောင်းပြပွဲတွေမှာ တက်တူးစပရေးတွေကို စတင်ရောင်းချခဲ့ပါတယ်။ မယ်လနင်က တက္ကသိုလ်တက်ရင်း အခြားသူတွေကို ဂရပ်ဖစ်ဒီဇိုင်း သင်ပြပေးခဲ့သလို လက်လုပ်လက်လုပ်ပုဝါတွေကိုလည်း ရောင်းချခဲ့ပါတယ်။

၂၀၀၅ခုနှစ်မှာ မယ်လနင်က Canva အတွက် အခြေခံစိတ်ကူးရှိခဲ့ပြီး သူ့မိခင်ရဲ့အိမ်ရှေ့ခန်းမှာ Fusion လို့ခေါ်တဲ့ အခြားလုပ်ငန်းတစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ခုနှစ်မှာ မယ်လနင်တို့စုံတွဲက ဒေါ်လာ ၂၅၀၀ နဲ့ URL canva.com ကို ဝယ်ယူရင်း Canva ကို စတင်ခဲ့ပြီး ၂၀၁၄ခုနှစ်မှာ လုပ်ငန်းတိုးတက်ဖို့အတွက် ဆွီဒနီကို ပြောင်းရွှေ့ခဲ့ပါတယ်။ မယ်လနင်က Canva အောင်မြင်လာဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေရှာဖွေရာမှာ မမောမပန်းအလုပ်လုပ်ခဲ့ပါတယ်။ အခုလိုမအောင်မြင်ခင် အကြိမ် ၁၀၀ ငြင်းပယ်ခံခဲ့ရပါတယ်။

အခုဆို Canva က ဒီဇိုင်းပေါင်း ၈ ဘီလျံကျော် နဲ့ တင်ဆက်မှုပေါင်း သန်း ၄၀၀ ကျော်ကို ပြုလုပ်နိုင်ပြီလို့ ဆိုထားပါတယ်။ ဒီနှစ်မှာလည်း ဝန်ထမ်း ၄၀၀၀ လောက် ထပ်တိုးဖို့ စီစဉ်ထားပါတယ်။

Ref: Dailymail & Ladbible “One Of Australia’s Richest Women Is To Give Away All Of Her Money”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top