ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေကိုသုံးစွဲလို့ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၈) သန်းကျော်ရှိ

17-6-2021-yyl-11.jpg

ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေကိုသုံးစွဲလို့ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၈) သန်းကျော်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၈) သန်းကျော်အနက် သေဆုံးသူ (၁ ဒဿမ ၂) သန်းကျော်က ကိုယ်တိုင်ဆေးလိပ်သောက်သုံးခြင်းမဟုတ်ဘဲ တဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေကို သုံးစွဲတဲ့အတွက် နာမကျန်းဖြစ်ခြင်း၊ အရွယ်မတိုင်မီအသက်သေဆုံးခြင်းတွေအပြင် အခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်ပွားနိုင်ပါတယ်။

ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးနီးကို ထိခိုက်ပျက်ဆီးစေတဲ့အပြင် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားနိုင်ပါတယ်။

ဒ့ါပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှုရဲ့ (၉၀) ရာခိုင်နှုန်းဟာ ဆေးလိပ်၊ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့်ဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top